Main menu

Background

မန္တလေးမြို့တွင် စကိတ်ကွင်း တည်ဆောက်

Mon, 03/12/2012 - 09:32 -- Anonymous (not verified)

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရန် ကင်းတောင်ခြေ၊   ဆည်မြောင်းဝန်း အရှေ့ဘက်ရှိ Nature's life  မြင်းစီး ကွင်းမှာ စကိတ်ကွင်း တည်ဆောက် လျက်ရှိကြောင်း သိရပါတယ်။ စကိတ်ကွင်းအကျယ်အဝန်းမှာ ပေ ၁၀၀၀ ပတ်လည်အကျယ်ရှိပြီး၊ အရှည် ပေ ၂၀၀ ရှိ ၃ တန်း၊ ပေ ၉၀ အရှည် ၄ တန်းပြုလုပ်ပြီး ၃ ဒသမ ၅ပေ အမြင့် ခုံး(၂ ခုံး)၊ ၅ ဒသမ ၅ ပေ အမြင့်ခုံး ၂ ခုံးနဲ့ ၁၀ ပေအမြင့်ခုံး ၂ ခုံး ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ Nature's life Managing Director  ဒေါက်တာဆန်းထွန်းဦးက "စကိတ်ကွင်းကို နိုင်ငံတကာအဆင့် မီကွင်း တည်ဆောက်ထားတယ်။ ခုံး ၃ မျိုးလုပ်ထားပြီး  ၁၀ ပေအမြင့်ခုံးက ပစောက်ပုံစံလုပ်နေတယ်။ စကိတ်စီး ကျင့်ချင်တယ်ဆိုရင် စပြီးကျင့်လို့ရပြီ။ စကိတ်စီးခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဟန် ချက်ကို ထိန်းပြီးစီးရတော့ ခန္ဓာကိုယ် အချိုးအဆမျှမယ်။ ခြေဖျား အားပြုစီး ရတဲ့အတွက် ဉာဏ်ရည်မြင့်မားတယ်။ နှလုံးခုန်နှုန်းလည်း ပိုကောင်းလာတယ်" လို့ ပြောပါတယ်။စကိတ်ကွင်းကို နံနက် ၇ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်မှာဖြစ်ပြီး၊ မနက် တစ်ပိုင်း ကျပ် ၂၀၀၀ ဖြင့် လာရောက် စီးနိုင်ကြောင်း၊ စကိတ်စစီးမယ့်သူများ အား ဘေးမှ လိုက်ကူသင်ကြားပေးမှာ ဖြစ်ကြောင်း၊ စကိတ်စီးမယ့် ပစ္စည်း ဦးထုပ်၊ တံတောင်ကာ၊ လက်ဖဝါးကာ၊ ဒူးကာများ ဝတ်စုံပြည့် ဝတ်ဆင်မှသာ စကိတ်စီးခွင့်ပြုမှာဖြစ်ကြောင်း သိရပါ တယ်။ စကိတ်လျှောက်လှမ်းများကြား မှာ မြက်ခင်းပြင်များပေါ် စားသောက် ပွဲများခင်းကျင်းပြီး Show  ပွဲများ၊ Dinner   စားပွဲများလည်း လက်ခံဆောင် ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး