ခြင်လုံလိုက်ကာ ပြတင်းပေါက်များကို မန္တလေးမြို့တွင် ထုတ်လုပ်ဖြန့်ချိ

ခြင်လုံဆန်ကာနဲ့ လိုက်ကာ နှစ်မျိုးအသုံးပြုနိုင်တဲ့ ပြတင်းပေါက်များ ကို Home Star ကုမ္ပဏီမှ အမှတ် (A-2) လမ်း ၃၀၊ ၆၄ နဲ့ ၆၅ လမ်းကြားမှာ ထုတ်လုပ်ဖြန့်ချိလိုက်ကြောင်း သိရပါတယ်။ ံHome Star  မှ ခြင်လုံလိုက်ကာပြတင်းပေါက်ကို ပြည်တွင်းမှာ ပထမ ဦးဆုံး ထုတ်လုပ်ခြင်းဖြစ်ပြီး 2 in 1  ခြင်လုံလိုက်ကာ ပြတင်းပေါက်များမှာ နောက်ဆုံးပေါ် ကိုရီးယားနည်းပညာဒီဇိုင်းများဖြင့် တီထွင်ထုတ်လုပ်ထား ကြောင်း သိရပါတယ်။ဒီဇိုင်းတီထွင်သူ ကိုဝင်းက "ကျွန်တော် ဒီဇိုင်းကို တရုတ်နိုင်ငံကသင်လာ တာပါ။ ကုန်ကြမ်းက တရုတ်ကရတယ်။ ဒီဇိုင်းကို ကိုရီးယားဒီဇိုင်းအခြေခံပြီး ထုတ်ထားတယ်။ လောလောဆယ် မန္တလေးမှာပဲ ဖြန့်ချိတယ်။ နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်ပါချဲ့မယ်။ ပြတင်းပေါက်ဘောင်တွေက အလူမီနီယံနဲ့လုပ် ထားတယ်။ တပ်ဆင်ချင်တယ်ဆိုရင် တံခါးဘောင်လိုက်တိုင်းပေးပြီး ဆောင် ရွက်ပေးပါတယ်။ မတ် ၂၆ ရက်အတွင်း ဝယ်မယ်ဆို ၅ ရာခိုင်နှုန်း လျှော့ပေး ပါတယ်"လို့ ပြောပါတယ်။ခြင်လုံဆန်ကာနဲ့ လိုက်ကာသားများကို နိုင်လွန်ပိတ်နဲ့ ပြုလုပ်ထားခြင်း ကြောင့် ရေစိုခံနိုင်ကြောင်း၊ ပိတ်သားပျက်စီးလျှင်လည်း ပြန်လည်တပ်ဆင်နိုင် ကြောင်း သိရပါတယ်။ လိုက်ကာဒီဇိုင်းများမှာ ကာတွန်းပုံ၊ ပန်းချီကားပုံ၊ ပန်းပုံများဖြင့် ရောင်စုံခြယ်တွေ့ရပါတယ်။ လူနေအိမ်၊ တိုက်ခန်း၊ ရုံးခန်း၊ ဟိုတယ်နဲ့စက်ရုံများအတွက် တပ်ဆင်အသုံးပြုနိုင်ပြီး ပြူတင်းပေါက်နဲ့တံခါးကို တစ်ဘက်ဖွင့် (သို့မဟုတ်) နှစ်ဖက်ဖွင့်ခြင်ဆန်ကာနဲ့ လိုက်ကာများ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ခြင်နဲ့ပိုးကောင်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရုံသာ မက နိုင်လွန်ပိတ်ဖြင့် ချုပ်လုပ်ထားခြင်းကြောင့် ဖုံများလျှော့ချစေပါတယ်။ ဆန်ကာတစ်ခုကိုတစ်ပေပတ်လည် ကျပ် ၂၅၀၀၊ ဆန်ကာနဲ့ လိုက်ကာ နှစ်ခုကို တစ်ပေပတ်လည် ကျပ် ၃၅၀၀ ရှိကြောင်း သိရပါတယ်။           ဇူးဇူး