နိုင်ငံတော်မှ အရန်ဆန်ထားရှိရေး အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရန်စပါးများအား အဝယ်ဒိုင်များ ဖွင့်လှစ်ပြီး ၄၆ ပေါင်၊ စပါးတင်း ၁၀၀ ကို ၃၃၀၀၀၀ ကျပ်ဈေးနဲ့သာ တောင်သူများထံမှ တိုက်ရိုက် ဝယ်ယူ လျက်ရှိရာ၊ ရန်ကုန်(တောင်ပိုင်းခရိုင်) အရှေ့ခြမ်း၊ မြို့နယ်များဖြစ်တဲ့ သန်လျင် ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့ နယ်များမှ တောင်သူများ ဝမ်းသာအားရ သွားရောက် ရောင်းချခဲ့ကြကြောင်း သိရှိရပါတယ်။ သန်လျင်မြို့ သူဋ္ဌေးကွင်းကျေးရွာမှ လယ်သမားကြီး ဦးသန်းအေးက '' ဒီနှစ်မှာ မိုးစပါးစပေါ်ကာစ စပါးဈေးက တင်း ၁၀၀ ကို ၂၇၆၀၀၀ ကျပ်ဈေးပဲ ရှိတယ်။ အဲဒီဈေးနဲ့ ဆို တောင်သူတွေ အမြတ်မကျန်ဘူး၊ အခက်အခဲတွေ ရှိတယ်။ အခုနိုင်ငံတော်က ၃၃၀၀၀၀ ကျပ်ဈေးနဲ့ တိုက်ရိုက် ဝယ်ယူတော့ ကျွန်တော်တို့ တောင်သူတွေအတွက် တွက်ခြေ ကိုက်သွားတာပေါ့။ ဒီအတွက် နိုင်ငံတော်ကို ကျေးဇူး အများကြီး တင်ပါတယ် " လို့အားပါးတရ ပြောကြားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့အထိ အဆိုပါ ၄ မြို့နယ်မှာ စပါးတင်းပေါင်း ၂၁၇၉၅၆ တင်း ဝယ်ယူရရှိ ပြီးကြောင်း သိရှိရပြီး၊ တောင်သူများမှ ဆက်လက် ရောင်းချရန် ဆန္ဒရှိကြကြောင်း သိရှိရပါတယ်။ TPIS
Background