ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)နဲ့ မန္တလေးတိုင်းဒေသကြီး၊ သရက်သီးအစုအဖွဲ့မှ သရက်စိုက်တောင်သူများ၊ ခြံလုပ်ငန်းရှင်များ၊ ပွဲရုံများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနဲ့ မတ်လ ၁၄ ရက်မှ ၁၇ ရက်အတွင်း တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲမှာ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)မှ သရက်သီးအရည်အသွေးမြင့်စွာ တင်ပို့ရောင်းချနိုင်ရေးအတွက် သရက်သီးဆိုဒ်ခွဲစက်၊ ပါကင်ထုပ်ပိုးမှုအတွက် ရေနွေးစိမ်၊ ရေအေးစိမ်တဲ့စက်များ၊ မှဲ့ပျောက်ကင်းအောင် ထိန်းသိမ်းနိုင်မယ့်နည်းပညာများကို အလုပ်သမား အယောက် ၂၀ အစား ၂ ဦးထဲနဲ့ အလုပ်လုပ်နိုင်မယ့် စက်များကို ထောက်ပံ့ပေးအပ်မှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)မှ ပေးအပ်လှူဒါန်းမယ့်စက်များကို မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့ရှိ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ ဓာတ်မြေသြဇာ ဖြန့်ဖြူးရေးရုံးမှာထားရှိပြီး၊ ယခုနှစ်သရက်သီးရာသီချိန်မှာ သရက်သီးဆိုဒ်များ ခွဲခြားပြီး၊ အရည်အသွေးမီမီ တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း၊ စက်များအသုံးပြုပုံကို တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဇူးဇူး
Background