Main menu

Background

ထိုင်းစက်မှုလုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပရန်ရှိ

Mon, 03/12/2012 - 09:41 -- Anonymous (not verified)

    ထိုင်းစက်မှုလုပ်ငန်းဖွွံ့ဖြိုးတိုးတက်ရေးဌာန  (Thailand Department of Industrial Promotion)    နှင့် မြန်မာနိုင်ငံမှ  Global Business Link Co.Ltd (GBL)   တို့ ပူးပေါင်းကြီးမှူးပြီး  Business Matching    ကို မတ်လ ၂၂ ရက် ကြာသပတေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ကန်တော်ကြီးကန်ရိပ်သာလမ်းရှိ Kandawgyi Palace Hotel   မင်္ဂလာခန်းမမှာ နံနက် ၀၉း၀၀ မှ ၁၆း၀၀ ချိန်ထိ ကျင်းပ သွားမယ်လို့ သတင်းရရှိပါတယ်။    Global Business Link Co.Ltd (GBL) သည် နိုင်ငံခြားစက်မှုကုန်ထုတ် လုပ်ငန်းရှင်များနဲ့ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအား တိုက်ရိုက်ထိတွေ့ ဆွေးနွေးပွဲများ ပြုလုပ်သည့်ဝန်ဆောင်မှုလုပ်ငန်း များကို အဓိကထားဆောင် ရွက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Global Business Link Co.Ltd (GBL)  ရဲ့ ရုံးအဆောက်အအုံကတော့ အမှတ် (၉)၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန် ကမာရွတ်မြို့နယ်မှာတည်ရှိပြီး ၎င်းင်းအဆောက်အအုံမှာ ယခုကဲ့သို့ မြန်မာနိုင်ငံမှာGBL နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုန်သွယ်မှုတွေ့ဆုံပွဲလာရောက်ကျင်းပတဲ့ ထိုင်း ကုမ္ပဏီများရဲ့ ပစ္စည်းများကို ခင်းကျင်းပြသထားတဲ့ Showroom   တစ်ခုလည်း တည်ထောင်ထားတယ်လို့ ဈေးကွက်မန်နေဂျာ ဦးသန်းနိုင်က ပြောပါတယ်။    ယခုအကြိမ်မှာလည်း ထိုင်းစက်မှုကုန်ထုတ်လုပ်ငန်းရှင် (၁၆) ခုနဲ့ မြန်မာ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ တစ်ဦးချင်းသီးသန့်အချိန်ယူ ဆွေးနွေး ခြင်းအားဖြင့် တိုက်ရိုက်ကုန်သွယ်မှုအခွင့်အလမ်းများ၊ အချိတ်အဆက်များရရှိနိုင် စေရေး ရည်ရွယ်ကျင်းပတာလို့ GBL မှ ဈေးကွက်မန်နေဂျာ ဦးသန်းနိုင်က  Commerce Journal   ကို ပြောကြားခဲ့တာဖြစ်ပါတယ်။    ပါဝင်ပြသကြမယ့် ထိုင်းစက်မှုလုပ်ငန်းထုတ်ကုန်တွေကတော့ ဆောက်လုပ် ရေးသုံးလုပ်ငန်းပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ စတီးနှင့်သံထည်များ၊ ထရပ်ကားအမိုးအဖြစ်အသုံးပြုသည့် တာပေါ်လင်စများ၊ ALBEDO တံဆိပ်အမျိုးသားကိုင် သားရေအိတ်များ၊ ဓာတ်ခွဲခန်းသုံး လက် အိတ်များ၊ ဆေးဝါးနှင့်အလှကုန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ ကြွေထည်များ၊ ချုပ်ပြီးအထည်များ၊ ပလတ်စတစ်ပစ္စည်းများ၊ PVC   ကြမ်းခင်းနှင့် ကားအခင်းများ၊ သစ်သီးဝလံနှင့် အလှဆင်တာရှည်ခံပန်းအိုးများ၊ စားပွဲတင်နှင့် မီးချောင်းများ၊ တံဆိပ်ရိုက် လုပ်ငန်းများလို့ သိရပါတယ်။    Business Matching ကို မတ်လ ၂၂ ရက်မှာ နံနက် ၀၉း၀၀ မှ ၁၂း၀၀ ထိနဲ့ ၁၃း၀၀ မှ ၁၆း၀၀ ထိ နှစ်ချိန်ခွဲဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၅၁၂၂၃၉၊ ၅၁၂၂၄၉၊ ၅၁၂၂၅၉နဲ့ email gbl.myanmar@ gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေး လိုက်ရပါတယ်။                                            ချမ်းမြေ့မောင်