အများဆုံးတင်ပို့နေတဲ့ ပဲတီစိမ်းနဲ့ ရော်ဘာကား ဝင်ရောက်မှုနည်းခြင်း၊ သွင်းကုန်ကားများ မန္တလေးသို့ ဆင်းတဲ့ အရေအတွက်များခြင်းတို့ကြောင့် မန္တလေး-မူဆယ်သယ်ယူ စရိတ် နှုန်းထားများ ၁ ပိဿာ ၅ ကျပ်စီ ကျဆင်း သွားခဲ့တယ် လို့ သိရပါတယ်။ ယခင်က ပြောင်း ၁ ပိဿာ ၁၃၀ ကျပ်၊ ပဲတီစိမ်း/ ရော်ဘာ ၁ ပိဿာ ၁၃၅ ကျပ် နဲ့ နှမ်း ၁ ပိဿာ ၁၄၀ ကျပ်နှုန်းနဲ့ အတန်ကြာဈေးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့ကစပြီး ပြောင်း ၁ ပိဿာ ၁၂၅ ကျပ်၊ ပဲတီစိမ်း/ ရော်ဘာ ၁ ပိဿာ ၁၃၀ ကျပ်နဲ့ နှမ်း ၁ ပိဿာ ၁၃၅ ကျပ်ထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ သွင်းကုန်ကားခပိုင်းမှာ လည်း လူသုံးကုန်ပစ္စည်းတင်သွင်းမှု ကျဆင်းခဲ့တဲ့အတွက် မြေဆီသယ်ယူခ ၁ ပိဿာလျှင် ၂ ကျပ်နဲ့ ဖယောင်း ၁ ပိဿာ ၅ ကျပ်စီ ကျဆင်းသွားပါတယ်။ ယခင်က မြေဆီ (ဓာတ်မြေသြဇာ) ၁ ပိဿာ၄၀ - ၄၅ ကျပ်နဲ့ ဖယောင်း ၁ ပိဿာ ၅၅ ကျပ်နဲ့ ငြိမ်နေရာကနေ မတ် ၅ရက်မှာ မြေဆီ (ဓာတ်မြေသြဇာ) တစ်ပိဿာလျှင် ၃၈ မှ ၄၃ကျပ်၊ ဖယောင်း တစ်ပိဿာလျှင် ၅၀ ကျပ်ထိ ကျဆင်းသွားတယ်လို့ သတင်း ရရှိပါတယ်။ MIRT (DOBT)
Background