မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ ဧည့်မထ ၁၃၃၃၀ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၉၁ သန်းတန်ဖိုးရှိ ငစိန်ဆန်၇၄၄ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၄၀၀၀ ကျော်ခန့် လျှော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဆန်တင်ပို့နိုင်မှုတွေကိုကြည့်လျှင် မူဆယ်မှ ဧည့်မထ ၁၂၂၅၁ တန်ကျော်၊ ချင်းရွှေဟော်မှ ၅၇၈ တန် ကျော်နဲ့ လွယ်ဂျယ်မှ တန် ၅၀၀ နဲ့ ငစိန် ၇၄၄ တန်ကျော်ကိုတော့ မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှ နယ်စပ်မှ ဆန် ၅၄၈၉၈ တန် တင်ပို့နိုင်ခဲ့ပြီး ဒီဇင်ဘာလမှစ၍ တင်ပို့မှုများကိုကြည့်လျင် ဒီဇင်ဘာလမှာ ၁၁၈၀ တန်ခန့်နဲ့ ဇန်နဝါရီလမှာ ၁၁၇၂၇ တန် အသီးသီးတင်ပို့ထားပြီး ဖြစ်ပါတယ်။MIRT(DOBT)
Background