Main menu

Background

မူဆယ်နယ်စပ်မှ အေးခဲအမဲသား တန် ၇၀ ကျော် ယခင်အပတ်ထက် အပို့ပို

Mon, 03/12/2012 - 09:49 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၈၇ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် ၇၇ တန်ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ အေးခဲအမဲသားကို မူဆယ်မှ ၃၈၇ တန်နဲ့ ချင်းရွှေဟော်မှ ၂၆ တန်၊ မူဆယ်မှ နွားကြော ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။    MIRT(DOBT)