Main menu

Background

တရုတ်ဝယ်အားတက်ပါက ကမ္ဘာ့ပြောင်းဈေးတက်နိုင်

Mon, 03/12/2012 - 09:54 -- Anonymous (not verified)

    တရုတ်ရဲ့သွင်းကုန်တင်ပို့မှုတိုးလာတာကြောင့် ကမ္ဘာ့ပြောင်းဈေးနှုန်းများ မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ မှာတရုတ်အနေနဲ့ ပြောင်းတန် ၁၉၁ ဒသမ ၈ သန်းအထိ စံချိန်တင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ တရားဝင်ကြေညာ ချက် များအရ သိရပါတယ်။ တရုတ်ရဲ့ပြောင်းသီးနှံစိုက်ပျိုးရေးချဲ့ထွင်မယ်ဆိုရင် အစိုးရ ထံမှ အထောက်အပံ့ပိုမိုရရှိနိုင်ကြောင်း ပြည်တွင်းရှိပြောရေးဆိုခွင့်ရှိသူများက ပြောပါတယ်။ တကယ်လို့ လျာထားချက်အောက် ပြောင်းထုတ်လုပ်မှုကျဆင်း ခဲ့မယ် ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ပြောင်းပိုမိုတင်သွင်းရမှာဖြစ်တာကြောင့် ကမ္ဘာ့ ပြောင်းဈေးနှုန်းလည်း မြင့်တက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ပြောင်းသီးနှံက ကမ္ဘာ့ရောင်းလိုအား အကျပ်အတည်းကြောင့် လွန်ခဲ့တဲ့လေးလကတည်းက မြင့် တက်ခဲ့ပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ရိတ်သိမ်းရာသီ ပြီးဆုံးကတည်းက တရုတ်က ပြောင်းတန်ချိန် ၁၂၀၀၀ ခန့်ဝယ်ယူပြီးဖြစ်ပါတယ်။ ၂၀၁၂ မှာ အမေရိကန်ရဲ့ ပြောင်းသိုလှောင်မှုက ၁၆ နှစ်အတွင်း အနိမ့်ဆုံးရောက်ရှိနေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန USDA  မှ စာရင်းများအရ သိရပါတယ်။ Source: Commodity online,K.Z.W