မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၃၉ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက် ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၂၉၈ တန်နီးပါး အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၄၁ တန် ယခင် အပတ် ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက်ရော်ဘာတင်ပို့မှုတွေကတော့မူဆယ်မှ RSS - 3 ၃၇၄ တန်၊RSS -5 ၃၄ တန်ခန့် MSR - 20 ၁၄၀ တန်၊ MSR - 50 ၁၀၀ တန်၊ ရော်ဘာဖြတ်စ ၁၄ တန်၊ ချင်းရွှေဟော်မှRSS - 3 ၄၉၄ တန်ခန့်၊ မြိတ်မှ RSS - 3 ၈၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ RSS - 3 ၂၀၀ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ RSS - 3 ၁၁၅၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ နယ်စပ်မှ ရော်ဘာ ၄၆၀၅ တန်ကျော် နဲ့ ဧပြီလမှ ဖေဖော်ဝါရီလထိ နယ်စပ်မှရော်ဘာ ၃၉၃၇၄ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်ရော်ဘာ မြေပြင်ပေါက် ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ရာမှာ မိမိဘက်မြေပြင်ဈေး သိသိသာသာ မြင့်တက်နေသော်လည်း တစ်ဖက်နိုင်ငံ ရော်ဘာဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS - 3 တစ်တန်ကို ၃၆၅၁ ဒေါ်လာနဲ့ RSS - 5 တစ်တန်ကို ၃၄၉၂ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၉၂၁၀၀၀ ၂၇၅၅၂၀၀ ၁၆၅၈၀၀ ၆ ၃၆၅၁ ၃၆၅၁ - -RSS - 5 ၂၇၉၄၀၀၀ ၂၆၈၈၀၀၀ ၁၀၆၀၀၀ ၄ ၃၄၉၂ ၃၄၉၂ - - MIRT (DOBT)
Background