၂၀၁၂ ပထမနှစ်လမှာ ရော်ဘာထုတ်လုပ်မှုကျဆင်းပြီး တရုတ်နဲ့ အိန္ဒိယရဲ့ သုံးစွဲမှုမြင့်တက်လာတာကြောင့် ရော်ဘာ ဈေးနှုန်းကတော့ မြင့်တက်ဖွယ်ရှိကြောင်း ရော်ဘာအသင်းက ပြောကြားပါတယ်။ ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာပြီး ၂၀၁၁ မှာ ရော်ဘာထုတ်လုပ်မှု ၈ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၁၀ ဒသမ ၂၆ သန်းရှိပြီး ၂၀၁၂ မှာတော့ သုံးစွဲမှု ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) ရဲ့ အဖွဲ့ဝင်နိုင်ငံများဝယ်လိုအားကတော့ ၅၇ ရာခိုင်နှုန်းရှိနိုင်ပြီး ယခင်နှစ်ထက် ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ကာ တန်ချိန် ၆ ဒသမ ၃၇ သန်းကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ ဧပြီလမှ ဇန်နဝါရီလအထိ ထုတ်လုပ်မှုက ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၇၈၄၄၀၀ တန်ရှိကာ သုံးစွဲမှုကတော့ ၁ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး ၇၉၉၉၈၀ တန်ရှိကြောင်း သိရပါတယ်။ ၂၀၁၂-၂၀၁၃ မှာ အိန္ဒိယရဲ့ထုတ်လုပ်မှုက ၄ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၉ ဒသမ ၄၂ သိန်း ထုတ်လုပ်နိုင်တယ်လို့ ရော်ဘာအသင်းမှ ခန့်မှန်းထားကြောင်း သိရပါတယ်။ Source: The time of India,K.Z.W
Background