မြန်မာဈေးကွက်သို့ ထုတ်ကုန်များ ပိုမိုတင်ပို့ရန် ဈေးကွက်ရှာဖွေလိုသည့် ဗီယက်နမ်
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှ ကုမ္ပဏီ ၆၀ က မတ် ၁၁ ရက်မှာ စီးပွားရေးကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မှတ်ပုံတင်ခဲ့ကြောင်းနဲ့ ဗီယက်နမ်ထုတ်ကုန်တွေကို မြန်မာ့ဈေးကွက်ကို တင်ပို့မှုအခွင့်အလမ်းတွေ ရှာဖွေဖို့ရည်မှန်း ထားကြောင်း ဗီယက်နမ်ကုန်သွယ်ရေးကောင်စစ်ဝန်က ပြောကြားလိုက်တယ်။ဗီယက်နမ်မှ မြန်မာကို အဓိကတင်ပို့တဲ့ ကုန်စည်တွေမှာ စတီး၊ အထည်အလိပ်နဲ့ အဝတ်အထည်များ၊ ဆက်စပ်ပစ္စည်းများ၊ ဆေးဝါး၊ ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ တာယာများ၊ စက်အပိုပစ္စည်းများ၊ ဓာတုဓာတ် မြေသြဇာနဲ့ စက်အစိတ်အပိုင်းတွေ ပါဝင်တယ်။မြန်မာက ဗီယက်နမ်ထုတ်ကုန်တွေအတွက် ပို့ကုန်အလားအလာရှိတဲ့ ဈေးကွက်သစ်တစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီအရ ပြီးခဲ့တဲ့နှစ်မှာ မြန်မာက ဗီယက်နမ်တင်ပို့တဲ့နိုင်ငံတွေအနက် ၁၃ နေရာကိုရရှိ ထားပြီး စုစုပေါင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၈၂ ဒသမ ၄၅ သန်းရရှိခဲ့ရာ ၂၀၁၀ခုနှစ်ကထက် ၆၆ ဒသမ ၅ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သတင်းရရှိပါတယ်။ ၂၀၁၂ ခုနှစ် အစောပိုင်းလတွေမှာ မြန်မာနိုင်ငံကို တင်ပို့မှုမှ ကန်ဒေါ်လာ ခုနစ်သန်း ရရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။Source: www.saigon-gpdaily.com.vnအေးမွန်မွန်လှိုင်
