Main menu

Background

လယ်ယာသုံး စက်ကိရိယာများ ရောင်းချပေးနေပြီ

Tue, 03/13/2012 - 06:08 -- Anonymous (not verified)

စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာ ၂၂ လက်တွန်းထွန်စက်များ ကို လယ်သမားများအတွက် အရစ်ကျငွေသွင်းစနစ်နဲ့ မန္တလေးတိုင်းဒေသ ကြီး၊ ပုသိမ်ကြီးမြို့နယ်မှာ ရောင်းချပေးနေပါတယ်။ စိတ်ဝင်စားတဲ့ တောင်သူများအနေနဲ့ လက်တွန်းထွန်စက်တစ်စီးကို ငွေကျပ် ၁၄ ဒသမ ၄ သိန်းနဲ့ လက်ငင်းစနစ်၊  အရစ်ကျငွေပေးစနစ်၊ လယ်ယာဘဏ်ချေးငွေနဲ့ ရောင်းချလျက်ရှိပါတယ်။ အရစ်ကျစနစ်နဲ့ ရောင်းချရာမှာ စက်  စတင်ထုတ်ယူချိန်   ငွေကျပ် ၃၀၀၀၀၀ ပေးသွင်းပြီး  ကျန်ငွေကို တစ်နှစ် ၄ ကြိမ် ပေးသွင်းမယ်ဆိုပါက ကျပ် ၂၈၅၀၀၀ပေးသွင်းပြီး ငါးကြိမ်ပေးသွင်းမယ်ဆိုပါက ကျပ်  ၂၂၈၀၀၀  ပေးသွင်း၍ လည်းကောင်း၊ လယ်ယာ ဘဏ်ချေးငွေနဲ့ ရောင်းချရာမှာ လယ်ယာဘဏ်များ၌ စုဆောင်းငွေ ပေးသွင်းဝယ်ယူနိုင်ကြောင်း   သိရှိရ ပါတယ်။ ကောက်စိုက်စက်တစ်စီးကို  ငွေကျပ် သိန်း ၂၀ နဲ့ လက်ငင်းစနစ်၊ အရစ်ကျ ပေးသွင်းခြင်းစနစ်များနဲ့ ဝယ်ယူနိုင်ပါ ကြောင်း၊ တောင်သူများ အနေနဲ့ စိတ်ဝင်စားပြီး ဝယ်ယူလိုတဲ့ တောင်သူများအား စက်မှုလယ်ယာ ဦးစီးဌာနမှ လက်တွန်းလယ်ထွန်စက် တစ်စီး ကျပ်သိန်း ၁၄ ဒသမ ၄၊   ကောက်စိုက်စက် တစ်စီးကို  ကျပ်သိန်း ၂၀၊  ဒေါင်းဖန်း လက်တွန်းထွန် စက် တစ်စီး ကျပ်သိန်း ၁၀ ဒသမ ၄ ကို အရစ်ကျငွေသွင်း စနစ် များ၊ လက်ငင်းငွေချေစနစ်၊ လယ်ယာ ဘဏ်ချေးငွေနဲ့ ဝယ်ယူတဲ့စနစ်များနဲ့ စက်မှုလယ်ယာဦးစီးဌာနမှ ရောင်းချပေးသွင်းလျက်ရှိကြောင်း သိရပါ တယ်။BN