မှတ်ပုံတင်သက်တမ်း ကြာမြင့် သောယာဉ်များ ဖျက်သိမ်းရေးနဲ့ အစား ထိုးယာဉ်တင်သွင်းရေး အစီအစဉ်ဖြင့် ပုသိမ်မြို့၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှာ သက်တမ်းလွန်မော်တော် ယာဉ်များ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ သို့ တိုင်းဒေသကြီးအတွင်း မော်တော် ယာဉ်အဟောင်းများဖြစ်တဲ့ ဟိုင်းလတ်၊ မာစတာ၊ ဂျစ်၊ ပရက်စတို၊ လင့်ရိုဘာ၊ ချီဗိုလက်၊ ဒိုင်ဟတ်စု၊ ဒတ်ဆန်း၊ ချက် ပလက်၊ ဟီးနိုးကားဟောင်းများ အပ်နှံ ခြင်းကို လက်ခံလျက်ရှိကြောင်း သိရ ပါတယ်။ပထမအဆင့် (စ၊ ဆ၊ ဇ) နံပါတ် များကို စက်တင်ဘာ ၂၀၁၁၊ (ဈ၊ ည) ဒုတိယအဆင့် အက္ခရာယာဉ်များကို နိုဝင်ဘာ ၂၀၁၁၊ တတိယအဆင့် (ဏ၊တ) အက္ခရာယာဉ်များကို ဇန်နဝါ ရီလ ၂၀၁၂ ခုနှစ်၊ စတုတ္ထအဆင့် (ဒ) အက္ခရာယာဉ်များကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယာဉ်စစ်ဆေးလက် ခံကြီးကြပ်ရေးအဖွဲ့သို့ အပ်နှံလျက်ရှိရာ ၂၀၁၂ ခုနှစ် မတ် ၅ ရက်အထိ တိုင်း ဒေသကြီးအတွင်းရှိ ယာဉ်အို၊ ယာဉ် ဟောင်း စုစုပေါင်း ၇၃၇ စီး၊ အပ်နှံပြီး စီးကြောင်း၊ ပုသိမ်မြို့ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။MMO
Background