Main menu

Background

ပုသိမ်-ငရုတ်ကောင်း-ကျုံကူး မော်တော်ယာဉ်လိုင်းသစ် ပုသိမ်မြို့တွင် တိုးချဲ့ပြေးဆွဲ

Tue, 03/13/2012 - 06:12 -- Anonymous (not verified)

ပုသိမ်မြို့မှ မိုင် ၈၀ ခန့်ဝေးသော ပင်လယ်ပိုင်းဒေသ၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာသို့ ယခင်သင်္ဘောခရီး ဖြင့် သွားလာရာမှာ ၇-၈ နာရီကြာ မြင့်ပြီး၊ ရန်ကုန်မြို့နဲ့ အခြားမြို့များသို့ သွားလာရာမှာအခက်အခဲများရှိကြောင်း သိရပါတယ်။ မြို့မ  မော်တော်ယာဉ်အသင်းမှ ဟိုင်းလတ်ကား ၁၈ ယောက်စီး ဆိုဖာ ထိုင်ခုံများနဲ့ ပုသိမ်-ကျုံကူးခရီးစဉ် တိုး ချဲ့ပြီး ပြေးဆွဲလျက်ရှိရာ ကျုံကူးကျေး ရွာမှ နံနက် ၇ နာရီနှင့် ပုသိမ်မြို့မှ နေ့ လယ် ၂နာရီ နေ့ချင်းပြန် ပြေးဆွဲပေး လျက်ရှိကြောင်း၊ မော်တော်ယာဉ်ကား ခရီးစဉ်မှာ ၄-၅ နာရီသာ ကြာမြင့်တာ ကြောင့် ပုသိမ်မြို့မှတစ်ဆင့် ရန်ကုန်မြို့ နဲ့ အခြားမြို့များသို့ တစ်ဆင့်သွားလာ မယ့်ခရီးသွားများ အလွယ်တကူသွား လာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပုသိမ်၊ ကမ်းနားလမ်း၊ မြေနုလမ်း သင်္ဘောဆိပ်အနီးမှာ ကားဂိတ်ဖွင့်လှစ် ပြီး ပုသိမ်-ငရုတ်ကောင်း-ကျုံကူး ခရီး စဉ်ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။                MMO