Main menu

Background

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် လက်လီရောင်းချရမှု မြင့်တက်

Tue, 03/13/2012 - 06:22 -- Anonymous (not verified)

၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း လက်လီရောင်းအားသည် နှစ်အလိုက် ၁၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ် ၁၈ ဒသမ ၁ ထရီလီယံ သို့မဟုတ် အမေရိကန် ဒေါ်လာ ၂ဒသမ ၉ ထရီလီယံရှိခဲ့ကြောင်း၊ တရုတ် အမျိုးသားစာရင်းအင်းဌာနမှ  ထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်တမ်းအရ ပြီးခဲ့သည့် ဒီဇင်ဘာလ ၌ လက်လီရောင်းအားသည် ယခင်လထက် ၁ ဒသမ ၄၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စားသုံးကုန် ဈေးနှုန်း အညွှန်းကိန်းသည် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁၅ ဒသမ ၇ ထရီလီယံရှိ ကြောင်း၊ နယ်ဒေသများတွင် လက်လီရောင်းအား သည် နှစ်အလိုက် ၁၆ ဒသမ ၇ ရာခိုင်နှုန်း မြင့် တက်ခဲ့ပြီး ယွမ် ၂ ဒသမ ၄ ထရီလီယံရှိကြောင်း၊ အခြေခံ စားသောက်ကုန်ရောင်းဝယ်မှုသည် ၁၆ ဒသမ ၉ ရာခိုင်နှုန်း၊ လူသုံးကုန်ပစ္စည်းရောင်းဝယ်မှု သည် ၁၇ ဒသမ ၂ ရာခိုင်နှုန်းနှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ ရောင်းဝယ်မှုသည် ၂၁ ဒသမ ၆ ရာခိုင် နှုန်း အသီးသီးမြင့်တက်ခဲ့သော်လည်း၊ မော်တော် ကား ရောင်းဝယ်မှုသည် ၁၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ဇာစ်မြစ်။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးဟောင်ကောင်မြို့။