Main menu

Background

ဟောင်ကောင်ဒေသ၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ သွင်းကုန်နှင့်ပို့ကုန် နှစ်အလိုက် မြင့်တက်

Tue, 03/13/2012 - 06:24 -- Anonymous (not verified)

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဟောင်ကောင်ဒေသ၏ သွင်းကုန်နှင့် ပို့ုကုန်ပမာဏသည် နှစ်အလိုက် မြင့်တက်လျက်ရှိရာ ပို့ကုန်ပမာဏသည် ၇ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သွင်းကုန် ပမာဏအနေဖြင့် ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၌ ပို့ကုန်တန်ဖိုးသည် ဟောင်ကောင်ဒေါ်လာ ၂၇၁ ဒသမ ၈ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၀၃ ဘီလီယံရှိ၍ သွင်းကုန်တန်ဖိုးသည် ဟောင်ကောင် ဒေါ်လာ ၃၂၀ ဒသမ ၀၇ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၇ ဘီလီယံရှိကြောင်း၊ ၂၀၁၁ ခုနှစ် တစ်နှစ်လုံးတွင် စုစုပေါင်းပို့ကုန် တန်ဖိုးသည် ယခင်နှစ်ထက် ၁၀ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုးသည် ယခင်နှစ်ထက် ၁၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၌ အဓိကပို့ကုန်ဈေးကွက်များ ဖြစ်သော တရုတ်ပြည်မကြီး၊ အမေရိကန်၊ အီးယူနှင့် ဂျပန်နိုင်ငံတို့သို့တင်ပို့မှုသည် အနည်းငယ် ပြန်လည်မြင့်တက်လာပြီး အာရှဒေသများသို့ တင်ပို့မှုသည် သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရ သည်။ဇာစ်မြစ်။။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့။