Main menu

Background

ယခုနှစ် ပြည်သီဟိုဠ်အထွက်နည်းလို့ဈေးကွက်အေး

Tue, 03/13/2012 - 06:35 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်းမှာ သီဟိုဠ်စိုက်ဧက ၃၅၃၇ ရှိပေမယ့် ယခုနှစ်မှာအထွက်နှုန်း ကျဆင်းခဲ့တာကြောင့် ဝယ်လက် တွေ အခက်အခဲ တွေ့နေရပါတယ်။ ယခင်နှစ် ယခုအချိန်ဆိုရင် အနည်းဆုံး ပိဿာ ၁၀၀ကျော်ထိ ဝယ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ မတ်လဆန်းအထိ ပိဿာ ၂၀ ကျော် တောင်မရသေးဘူးလို့ သိရပါ တယ်။ ဈေးနှုန်းအနေနဲ့ တစ်ပိဿာ ကျပ် ၁၆၀၀ ဈေးနဲ့ အဝယ်ရှိပေမယ့် ပစ္စည်းရှားနေလို့ ဒီနှစ်မှာ သီဟိုဠ်တင်ပို့မှု အားနည်းနိုင်တယ်လို့ သိရပါတယ်။   ယဉ်သိမ့်နွေး