Main menu

Background

အဖွင့်ဈေးမာတဲ့ မြောင်းမြသီဟိုဠ်ဈေးကွက်

Tue, 03/13/2012 - 06:38 -- Anonymous (not verified)

မြောင်းမြမြို့နယ်မှာ သီဟိုဠ်စိုက် ဧက ၈၀၀၀ ခန့်မှ ဧက ၇၅၀၀ ခန့် ရိတ်သိမ်းနိုင်ကြောင်း  သိရပါတယ်။ ဈေးကွက်ကို ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ဝင်ရောက်ပြီး မတ်လဆန်းမှာ လှိုင်လှိုင်ထွက်ပေါ် လာတာကြောင့် အဝယ်ဒိုင် ၆ ဒိုင်ဖွင့်လှစ်ဝယ်နေတာ တွေ့ရပါ တယ်။ အဖွင့်ဈေးမှာ မနှစ်က တစ်ပိဿာ ၁၅၀၀ ကျပ်ရှိရာမှ ယခုနှစ် မှာ ၁၆၀၀ ကျပ်နဲ့ ဝယ်ယူနေကြပါတယ်။ ရွှေလီသီဟိုဠ်အဝယ်ဒိုင် ပိုင်ရှင်က အဖွင့်ဈေးကောင်းလို့ အရောင်းအဝယ်သွက်ကြောင်း၊ တစ် နေ့ကို ပျမ်းမျှပိဿာချိန် ၂၀၀၀ ခန့်ဝယ်ယူရကြောင်း၊ ရန်ကုန် တိုင်း ဒေသကြီး ဘုရင့်နောင်ပွဲရုံကို တစ်ပိဿာ ကားခ ၂၅ ကျပ်ရှိပြီး၊ ၄၀ ပိဿာဝင် အိတ်များနဲ့ထည့်ကြောင်း ပြောပါတယ်။ ခြံပိုင်ရှင်  ဦးမောင်ဌေးကလည်း သီဟိုဠ်အပွင့်ပွင့်ချိန် နှင်းခါးကျဆင်းမှုနည်း ပါးလို့ မနှစ်ကထက် ပိုမို ထွက်ရှိနိုင်ကြောင်း မနှစ်က သီဟိုဠ်တုံး ချိန်မှာ တစ်ပိဿာ ၁၈၀၀ ကျပ်ဖြစ်လာ လို့ မိမိအနေနဲ့ ခူးဆွတ် လှောင်ထားပြီး၊ ဈေးအတက်စောင့်နေကြောင်း ပြောပါတယ်။ ကျော်လင်း