ပေါ်ထွန်းလာတော့မယ့် AEC နဲ့ သူတို့အမြင်
လူဦးရေသန်း ၆၀၀ နဲ့ ဖွံ့ဖြိုးမှု ကြီးထွားနေတဲ့အာဆီယံဒေသက အာရှ စီးပွားရေးအသိုက်အဝန်း ( AEC ) ကို ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ဖော် နိုင်ပြီဆိုရင် BRIC (ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနဲ့တရုတ်)လို စီးပွားရေးအာဏာ ပါဝါ ပြည့်ဝတဲ့ အဖွဲ့တစ်ခု ဖြစ်လာနိုင် ပါ တယ်။ သီအိုရီအယူအဆအရ ကုန်စည်နဲ့ ဝန်ဆာင်မှုတွေနဲ့လူတွေ လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့တစ်ခုတည်းသော ဈေး ကွက်ပေါ်ထွန်းလာကာ ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်လိုအားကို မြင့်မားစေပါတယ်။ ဒါပေမဲ့ စိတ်ကူး မျှော်လင့်ချက်တွေအကောင်အထည် ပေါ်လာဖို့အတွက် လုပ်စရာကိုင်စရာ တွေအများကြီးလိုအပ်နေပါသေးတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် အာရှဖွဲ့စည်း ရေးက BRIC ဖွဲ့စည်းသလိုမျိုးပဲလို့ ယူဆနိုင်ပါတယ်" ဟု ဘန်ကောက်မြို့ မှာ ထိုင်းစီမံခန့်ခွဲမှုအသင်းက ပြုလုပ်တဲ့ "အာဆီယံစီးပွားရေးဖိုရမ် ၂၀၁၂" အ စည်းအဝေးမှာမိန့်ခွန်းပြောကြားရာမှာBoston Consulting Group ရဲ့ အုပ် ချုပ်မှူဒါရိုက်တာ ဒေါက်ကလပ်ဂျက် ဆန်က ပြောပါတယ်။ ဒေသတွင်းကိုကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ စီးဝင်တာက စတင် မြင့် တက်နေပြီလို့ဆိုနိုင်ကြောင်း အာဆီယံ ဒေသမှ ကမ္ဘာသို့ ကုန်သွယ်တဲ့ပမာဏ၊ အာရှရဲ့ပြည်တွင်းသုံးစွဲမှုပေါ် မြင့်မား စွာမှီခိုမှုနဲ့ လူသန်း ၆၀၀ စသည့်အချက် တို့ကိုကိုးကားပြီး မစ္စတာဂျက်ဆန်က ပြောပါတယ်။ ဒါပေမဲ့ AEC ရဲ့ ဒီမဟာစီမံကိန်း ကြီးကိုလက်တွေ့အကောင်အထည်ပေါ် လာဖို့အတွက် ပုဂ္ဂလိက ကဏ္ဍနဲ့ အစိုးရ ပိုင်းတွေကပူးပေါင်းပါဝင်ဖို့လိုပါတယ်။ အကြောင်းကတော့ AEC ဖွဲ့စည်းရေး က တစစနီးကပ်လာလို့ ဖြစ်ပါတယ်။ AEC အတွက် စိတ်ရောကိုယ်ပါ လှုပ်ရှားနေသူတွေက လောလောဆယ် မှာ အစိုးရအဖွဲ့တွေကသာ အဓိကဖြစ် နေတယ်ဆိုတာကို ဖိုရမ်မှာဆွေးနွေး ကြသူတွေက သဘောတူပါတယ်။မူဝါဒ ရေးဆွဲသူတွေ နိုင်ငံရေးသမားတွေ ပြောတာကိုကြားနိုင်ဖို့အတွက် အာဆီ ယံအဖွဲ့ဝင် ၁၀ နိုင်ငံက AEC ကိုလက်ခံ ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ပုဂ္ဂလိက ကဏ္ဍကအဆင် သင့်ဖြစ်ဖို့အလှမ်းဝေးနေပါသေးတယ်။ အများအားဖြင့်စီးပွားရေးလုပ်ငန်းတွေ ကဆိုရင် AEC ရဲ့ အဓိပ္ပါယ်သဘော ကို ကောင်းကောင်းမသိကြသေးပါဘူး။ "အဖွဲ့ဝင်နိုင်ငံတွေက ဗနဃ ဖွဲ့ဖို့ အတွက် ၇၅ ရာခိုင်နှုန်းအသင့်ဖြစ်နေ ပါပြီ။ဒါပေမဲ့အစိုးရတွေရဲ့အပြောနဲ့ မြေ ပြင် လက်တွေ့ အဖြစ်အပျက်တွေ ကွာ ဟချက် ဖြစ်နေတာကို စီးပွားရေး အသိုက်အဝန်းနဲ့ ပုဂ္ဂလိကကဏ္ဍက နားမလည်နိုင်ဘဲ ရှိနေပါတယ်" ဟု CIMB ထိုင်းဘဏ်လုပ်ငန်းကုမ္ပဏီကို ပိုင်ဆိုင်တဲ့ မလေးရှားဘဏ္ဍာရေး လုပ် ငန်း အဖွဲ့ဖြစ်တဲ့ CIMB Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒါတွတ်ရှရီနေ ဇာရာဇာတ်က ပြောပါတယ်။ AEC ဆိုတာက ပုဂ္ဂလိကကဏ္ဍ ရဲ့ ဦးစီးဆောင်ရွက်မှုထက် အစိုးရတွေ ဦးစီးဦးဆောင်ပြုတဲ့ အစီအစဉ်ဖြစ်နေ တယ်ဆိုတဲ့ အသိစိတ်ကလွှမ်းမိုးနေဆဲ ဖြစ်ကြောင်း သူကပြောပါတယ်။ PTT ကုမ္ပဏီရဲ့ ဥက္ကဌနဲ့ အမှု ဆောင် အရာရှိချုပ် ပိုင်လင်းချူချွတ် တဝုန် ကလည်း အလားတူအမြင်မျိုး ရှိပါတယ်။ နိုင်ငံအားလုံးကို ဗနဃ ထူ ထောင်ရေးကိုဦးတည် ချီတက်နေချိန်မှာ AEC ဆိုတာဘာလဲဆိုတာကို တိတိပပ သိမြင်နားလည်သူက ခပ်ရှားရှား ဖြစ်နေ ပါတယ်။ "ဈေးကွက်ကိုဖွင့်လိုက်ပြီဆိုတာ နဲ့ AEC ကနေအကျိုးကျေးဇူးတစ်စုံတစ် ရာခံစားခွင့်ရှိမရှိကျွန်တော်တို့ နားလည် ဖို့လိုပါတယ်။ ဒီလှုပ်ရှားမှုရဲ့အကျိုးအ ကြောင်းကိုနားလည်ဖို့လိုပါမယ်" လို့ ဒေါက်တာပိုင်လင်းက ပြောပါတယ်။ တကယ်လို့ ၂၀၁၅ ခုနှစ် ဇန်နဝါ ရီ ၁ ရက်မှာ ဘာမှဟုတ်တိပတ်တိဖြစ် မလာဘူးဆိုရင် အထင်ကြီးခံထားသမျှ ဗြုန်းစားကြီး ရေစုန်မျောသွားနိုင်တဲ့ အ တွက် အာဆီယံတစ်ခုလုံးက ဝိုင်းဝန်း ကြိုးပမ်းဖို့လိုပါတယ်။ ဥရောပသမဂ္ဂ ရဲ့ ကျဆုံးမှုတွေကို မျက်ဝါးထင်ထင်တွေ့ မြင်နေရတာကြောင့် စီးပွားရေးပေါင်း စည်းမှုစိတ်ဓာတ်မျိုးက ဒီလိုခေတ်ကြီး ထဲမှာရတောင့်ရခဲ့ဖြစ်တဲ့အတွက် တစ် ခုခုအလွဲလွဲအချော်ချော်ဖြစ်သွားရင် ပြန်ပြင်ဖို့ဒုတိယအခွင့်အရေးထပ်မရ နိုင်ဘူးလို့ ဖိုရမ်မှာဆွေးနွေးသူတွေက ပြောပါတယ်။ တကယ်လို့ ဒီဒေသကအတူတကွ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် သူ ရဲ့အရှေ့ဘက် (တရုတ်) နဲ့ အနောက် ဘက် (အိန္ဒိယ) တို့ တိုးတက်လာမှု ကြောင့် အာဆီယံဒေသကို အရေးမပါ တဲ့ဒေသတစ်ခုအဖြစ်ရောက်ရှိသွားစေ နိုင်ကြောင်းမစ္စရာဇာတ်ကပြောပါတယ်။ သူနဲ့ တခြားသူတွေရဲ့ အမြင်အရ သူ့ကိုယ်ပိုင်ဘဏ်နဲ့ အပါအဝင် PTT ဆီယမ်ဆီးမင့်ဂရု၊ အင်ဒိုနီးရှားမှ အက် စထရာ အင်တာနေရှင်နယ်နဲ့ တခြား ကုမ္ပဏီတွေလို နိုင်ငံစုံကော်ပိုရေးရှင်း ကြီးတွေက ကြီးမားတဲ့ ဈေးကွက်ကြီး တွေနဲ့ အတွေ့အထိ များပြီးသားဖြစ်တဲ့ အတွက် အာဆီယံမှာ ဈေးကွက်တွေ ပွင့်လာရင် အကျိုးအမြတ် ရှိနိုင်တယ်လို့ ယူဆကြပါတယ်။ သူ့ရဲ့ကုမ္ပဏီလို ကုမ္ပဏီမျိုးတွေက လက်ရှိထိုင်းမှာရှိနေတဲ့ဈေးကွက်ထက် ၁၀ ဆလောက်ရှိတဲ့ဈေးကွက်မျိုးမှာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း ဆီ ယမ်ဆီးမင့်ဂရု ( SCG ) ရဲ့ အမှုဆောင် အရာရှိချုပ် ကန်ထရာကူဟွန်းကပြော ပါတယ်။ ဒါပေမဲ့ SCG နဲ့ PTT လို ကုမ္ပဏီ မျိုးတွေက အာဆီယံ စင်မြင့်လောက် ကိုတော့မမှုတော့ဘူးလို့ ဒေါက်တာပိုင် လင်းကပြောပါတယ်။ "ကျွန်တော်တို့က နိုင်ငံပေါင်း ၁၄ နိုင်ငံလောက်မှာ အလုပ်လုပ်နေတာ ကျွန်တော်တို့က "လူရည်လည်" နေပြီ လို့ပြောလို့ရပါတယ်။ စင်ကာပူလိုရှစ် စပ်ကဂျင်ခြေလည်နေတဲ့ နိုင်ငံတွေက လည်းရှိလာပါပြီ။ AEC လုပ်ငန်းစဉ် ရှေ့ဆက်သွားသည်ဖြစ်စေ၊ မသွားသည် ဖြစ်စေသူတို့ကဆက်လက်ရှင်သန်နိုင် ပါတယ်"လို့ သူကပြောပါတယ်။ အကြီးအကျယ် ကွဲပြားခြားနား နေတာတစ်ခုကကုန်းမြေအဆက်စပ်ရှိ တဲ့ အာဆီယံအဖွဲ့ဝင်တွေနဲ့ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်လိုကျွန်းစုနိုင်ငံတွေတစ်ခု နဲ့ တစ်ခုကွဲပြားနေတာပဲဖြစ်ပါတယ်။ ကုန်း မြေအဆက်အစပ်ရှိတဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေက တခြားနိုင်ငံတွေနဲ့စာရင် တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေရဲ့မြင့်တက် လာမှုနဲ့ မြန်မာနိုင်ငံလမ်းပွင့်လာမှုတွေ ကြောင့်ရရှိလာမဲ့ အကျိုးအမြတ်တွေ ကိုခံစားနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့အနေ အထားရှိနေပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံအပါအဝင် အာ ဆီယံနိုင်ငံတွေရင်ဆိုင်နေရတဲ့ အကြီး မားဆုံးစိန်ခေါ်မှုတွေထဲမှာ ဘာသာစ ကားအတားအဆီးပဲဖြစ်ကြောင်း အာရှ စီးပွားရေးလုပ်ငန်းအကြံပေးကောင်စီ ဥက္ကဌနဲ့ ထိုင်းစက်မှုလုပ်ငန်းများဖက်ဒ ရေးရှင်းရဲ့ အထွေထွေအတွင်းရေးမှူး အာရင်ဂျီရာကပြောပါတယ်။ ထိုင်းနိုင်ငံလို နိုင်ငံတွေကအင်္ဂလိပ် ဘာသာစကားကျွမ်းကျင်တတ်မြောက် မှုမြင့်မားတဲ့ မြန်မာလိုနိုင်ငံမျိုးနောက်မှာ ပင်ကျန်နေနိုင်ကြောင်းနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုကို မြှင့်တင် ပေးမဲ့အစီအမံတွေကိုအစိုးရက ဆောင် ရွက်မပေးဘူးဆိုရင် ထိုင်းနိုင်ငံကဆက် သွယ်ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံ တို့လောက်ပဲ ကျန်တော့မှာဖြစ်ကြောင်း သူကပြောပါတယ်။Sources.bangkokpost.com
