Main menu

Background

ဆီးသီးစိုက်တောင်သူများ တွက်ခြေကိုက်မှုနည်း

Tue, 03/13/2012 - 06:57 -- Anonymous (not verified)

ယခုနှစ်  ဆီးသီးရာသီချိန်မှာ သယ် ယူစရိတ် မြင့်တက်ခြင်း၊ အသီးနည်းခြင်း ကြောင့် ဆီးစိုက်တောင်သူများ အရှုံး ဖြင့်ရင်ဆိုင်ရကြောင်း သိရပါတယ်။ တံတားဦးမြို့နယ်မှ တောင်သူတစ်ဦး က "ဆီးသီးပေါ်ချိန်မှာ ကားအသေး တွေ တန်ချိန် သတ်မှတ်လိုက်တော့ ကားခ ဈေးမြင့်ပြီး ပေးရတယ်။ ဒီနှစ် မကိုက်ဘူး၊ ရှုံးတယ်။ ဒီနှစ် ဆီးရာသီက တစ်အားရှုံးခဲ့တယ်။ အသီးတင်အား ကလည်းအရင်နှစ်တွေထက်နည်းတယ်။ ရှေ့ရက်ပိုင်းက တရုတ်နိုင်ငံဘက်က ၈ ရက်လောက် အဝယ်ပိတ်လိုက်တော့ ပြည်တွင်းမှာရောင်းရတဲ့အတွက် ပြည်ပ က ဈေးလောက်မရဘူး။ဆီးသီးကို ဟိုင်း လတ်ကားနဲ့တင်ရတော့ ကားသေးတွေ ကိုပါ တန်ပိုတင်ဒဏ်ကြေး သတ်မှတ် လိုက်တဲ့အတွက်ရော၊ ဓာတ်ဆီဈေးမြင့် တဲ့ အတွက်ရော ကားခမြင့်လာတယ်။ တန်ပိုသတ်မှတ်လိုက်တဲ့အတွက် အရင် က ကားတစ်စီးမှာ ဆီးဂျပ်ဖာ ၂၀၀ တင်နေရာက ဒီနှစ်မှာ ဂျပ်ဖာ ၄၅ တင်ရတော့ ကုန်ကျစရိတ်က အများ ကြီးကွာတယ်။ တရုတ်ဘက်ကဝယ်တဲ့ ဈေးနှုန်းက ဂျပ်ဖာ ၄၅ တင်လည်း ဒီ ဈေးနှုန်းပဲပေးတော့ ဈေးမကိုက်တော့ ဘူး"လို့ ပြောပါတယ်။မန္တလေးမှမူဆယ်သို့ ဆီးသီးဖာ တင် ပို့တဲ့ သယ်ယူစရိတ်မှာ ယခင်နှစ်က တစ်ဖာ ၁၃၀၀ ကျပ်ရှိပြီး၊ ယခုနှစ်မှာ တစ်ဖာ ၁၈၀၀ ကျပ်ပေးကာ သယ်ယူရ ကြောင်း သိရပါတယ်။ ယခုနှစ် ဆီးသီး ဈေးနှုန်းမှာ တစ်ဖာ ယွမ် ၅၀ (ကျပ် ၆၄၀၀) နဲ့ ယွမ် ၇၀ (ကျပ် ၈၉၆၀)ကြား ဖြင့် တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှုရှိ ပါတယ်။ ဖေဖော်ဝါရီလကုန်ပြီးနောက် ဆီးသီးထွက်နှုန်းကုန် သလောက်ရှိပြီဖြစ် လို့ ယခုနှစ်အတွက် ဆီးခြံရှင်များ တွက် ခြေမကိုက်ကြောင်းသိရပါတယ်။  ဇူးဇူး