Main menu

Background

အဝယ်အရောင်းသွက်လာတဲ့ မုံရွာဆီးသီးခြောက်

Tue, 03/13/2012 - 06:57 -- Anonymous (not verified)

မုံရွာဆီးသီးခြောက်ပွဲရုံတွေမှာ ဘုတလင်နဲ့ကန်နီဘက်က ဆီးသီးခြောက်တွေ အဝင်ပုံမှန်ရှိလာပြီး၊ ဒေသခံလှောင် လက်တွေ ယိုစုံလုပ်ငန်းသမားတွေအပြင်၊ မန္တလေးနဲ့ ရန်ကုန်တင်ပို့မဲ့ကုန်သည်တွေ အဝယ်သွက်နေတယ်လို့သိရပါတယ်။မတ်လဆန်း ဈေးကွက်ပေါက်ဈေးအနေနဲ့ ဆီးသီးခြောက်တစ်ပိဿာ ၁၈၀ ကျပ်မှ ၂၀၀ ကျပ်ကြားဈေးငြိမ် နေပြီး၊ ဒီနှစ်ထွက်ပစ္စည်းအရည်အသွေးကောင်းမွန်တယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ မုံရွာမြို့နယ်မှာ ဆီးသီးခြောက်ပွဲရုံ ၂၀ ခန့်ရှိပြီး သူ့မိတ်နဲ့ သူပွဲရုံတစ်ရုံကို တစ်ရက် ပိဿာ ၅၀၀၀ မှ ၁၀၀၀၀ ကြား နေ့စဉ် ဝင်ရောက်လျက်ရှိတယ်လို့ ဆိုပါတယ်။ စီးထွက်မှုမှာ မန္တလေးနဲ့ရန်ကုန်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပတ်ထဲက အဆက်မပြတ် တင်ပို့ခဲ့ကြတယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ မနှစ်ကဆီးသီးခြောက် အဟောင်းလက်ကျန်မရှိသလောက် ပြတ်သွားတဲ့အတွက် ဒီနှစ် ဈေးကွက်မှာ လှောင်လက်အဝယ်များလို့ ဈေးမြောက်လာနိုင်တယ်လို့ ခန့်မှန်းသိရပါတယ်။            ထွန်းလှိုင်