Main menu

Background

မန်း သရက်သီး ဈေးကောင်းရရှိရေး ပြင်ဆင်ဆောင်ရွက်

Tue, 03/13/2012 - 07:01 -- Anonymous (not verified)

ယခုနှစ်   သရက်သီး  ရာသီမှာ သရက်သီးဈေးကောင်းရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေး ရွာပေါင်း ၇၀ ကို မန္တလေးတိုင်းဒေသ ကြီး သရက်သီးအစုအဖွ့ဲမှ  ပညာပေး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရပါ တယ်။ယခုနှစ် သရက်သီးထွက်ချိန်မှာ ပိုး မပါ၊ မှဲ့ခြောက်မကျတဲ့ အရည်အသွေး ကောင်းသရက်သီးများထွက်ရှိဖို့သဘာ၀ မြေသြဇာသုံးပြီး သရက်ပင်ပြုစုစောင့် ရှောက်နည်းများ၊ ပိုးသတ်ဆေး စနစ် တကျသုံးစွဲခြင်းများကို ပညာပေးဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး သရက်သီး အစုအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေက "သရက်သီးဈေးကောင်းရဖို့၊ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ဖို့လိုတယ်။ ပိုး မွှားကင်းစင်ဖို့နဲ့ ဓာတုကင်းစင်ဖို့လည်း လိုအပ်တဲ့အတွက်  အခုကတည်းက ကြိုတင်ပြင်ဆင်နိုင်ဖု့ိ တောင်သူတွေကို ပညာပေးဆောင်ရွက်နေပါတယ်။ ဒီနှစ် မှာ  တရုတ်နိုင်ငံဘက်က    Good  Agriculture   Pratice  (G..A.P)  လက်မှတ်တောင်းမယ်  ပြောတယ်။ ကျွန်မတို့ဘက်က ကြိုတင်ပြင်ဆင်ထား မယ်ဆို Export  ဈေးကွက်က ကောင်း နေမှာပါ။ အချင်းချင်းစည်းလုံးဖို့တော့ လိုမယ်။ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ စိုက်ပျိုးမယ်ဆို ဈေးကွက်က အမြဲရှိနေ မှာပါ"လို့ ပြောပါတယ်။သရက်သီးကို ပြည်ပဈေးကွက်တင် ပို့ရာမှာ အမှန်တကယ်ရင့်မှည့်တဲ့အသီး ကိုသာ တင်ပို့သင့်ပြီး ဆေးတို့သီးများကို တင်မရောင်းသင့်ကြောင်း။ ယခင်နှစ်က ဆေးတို့သီးများ ရောင်းချခြင်းကြောင့် ဈေးကောင်းရနေရာမှ ဈေးကျဆင်း လာခဲ့ပြီး၊ သရက်သီးဈေးကွက် ပျက် ခဲ့ကြောင်း သိရပါတယ်။ သရက်သီး ရာသီချိန်မှာ ဈေးကွက်တင်ပို့ရာ၌ နေ ရာဒေသအလိုက်  အသီးထွက်ရှိနေ သော်လည်း ဈေးကောင်းရချိန် စုပြုံ တင်ခြင်းကြောင့် ဈေးနှိမ်ခံရခြင်း ကြုံ တွေ့ရပြီး ထိန်းထိန်းသိမ်းသိမ်း တင်ပို့ သင့်ကြောင်း သရက်သီးတင်ပို့ရောင်းချ သူများထံမှ သိရပါတယ်။      ဇူးဇူး