ကယားပြည်နယ် TPIS ဝန်ထမ်းများနဲ့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတို့ပူးပေါင်းပြီး လွိုင်ကော်မြို့နယ် နွေစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ကွင်းဆင်းဆွေးနွေး
ကယားပြည်နယ် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ TPIS ဝန်ထမ်းများနဲ့ လွိုင်ကော်မြို့နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတို့ ပူးပေါင်း ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် က လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာ အုပ်စုမှ တောင်သူ ၈၀ ဦးနဲ့တွေ့ဆုံပြီး နွေစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေး ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရ ပါတယ်။ဆွေးနွေးပွဲမှာ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမြို့နယ် မန်နေဂျာ ဦးခင်မောင် အေးက ရှင်းလင်းရာမှာ နွေစပါးကို သတ်မှတ်ချိန်အမီစိုက်နိုင်မှ နောက်တစ် သီးထပ်မံ စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း၊ ရေအပြည့်အ၀ မရနိုင်တဲ့ ကွင်းများမှာ နေကြာစိုက်ပျိုးရန်လိုကြောင်း၊ နေကြာ စိုက်ပျိုးရန် တစ်ဦးတစ်ယောက်မှ ဦး ဆောင်လုပ်ကိုင်မယ်ဆိုပါက မျိုးအခမဲ့ ရအောင် ကူညီပေးပြီး နည်းစနစ်ပါ ကြီးကြပ်ပေးမှာဖြစ်ကြောင်း၊ ရေရရှိမှု အနေနဲ့ ဆည်ရေအမှတ်၊ အပြည့်ရှိသလို ရေလုံလောက်စွာ ပေးနိုင်မှာ ဖြစ် ကြောင်းတို့ကို ဆွေးနွေးပြီး တောင်သူ ၃ ဦးရဲ့မေးမြန်းချက်ကို TPIS တာဝန်ခံ က ရှင်းလင်းရာမှာ နိုးကိုးကျေးရွာ အုပ်စုမှာ မိုးစပါးရေနစ်မြုပ်ခဲ့ရသဖြင့် နွေစပါးအပြည့်အ၀ စိုက်သင့်ကြောင်း၊ ရေမရတဲ့ ကွင်းများမှာ ကြက်သွန်ဖြူ/ ကြက်သွန်နီ၊ အာလူး စိုက်လို့ရပါ ကြောင်း၊ ပန်းဂျုံစိုက်ပျိုးမယ်ဆိုပါက လည်း မျိုးရရှိရေး ကူညီပေးမှာဖြစ် ကြောင်း၊ စပါးနဲ့ အခြားသီးနှံများ စိုက်ပျိုးရာမှာ အထွက်နည်းတဲ့ ဒေသ မျိုးများအစား ဈေးကွက်ဝင်တဲ့ အထွက် ကောင်းမျိုးသန့်များကို ရွေးချယ်စိုက် သင့်ကြောင်းနဲ့ မျိုးပြောင်းလဲရေး အတွက် ကူညီပေးမှာဖြစ်ကြောင်းတို့ ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။မင်းအောင်
