သာပေါင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်
သာပေါင်းမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက် ခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်က မြို့နယ်အသင်းရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်၊ စည်ပင်အရာရှိ ဦးဌေးလွင်၊ အခွန်ဦးစီးမှူး ဦးသန်းထွဋ်၊ လယ်ယာ^ထွက်ကုန် မြို့နယ်မန်နေဂျာ အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းများနဲ့ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက် ကြကြောင်း သိရပါတယ်။စိုးသန်းမြင့်
