Main menu

Background

ရက်သတ္တပတ် စီးပွားရေး သတင်းတိုများ

Tue, 03/13/2012 - 07:10 -- Anonymous (not verified)

ဆိုးလ်    တောင်ကိုရီးယား  နိုင်ငံရဲ့ ဘဏ္ဍာရေးဈေးကွက်နဲ့ ပတ်သက်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေက အပြုသဘောရပ်တည်ချက်တွေရှိခဲ့ ပေမဲ့ တောင်ကိုရီးယား စီးပွားရေးက ပြည်တွင်း ပြည်ပမှာ စွန့်စားရမဲ့ အကြောင်းတရား အများကြီးနဲ့ ရင် ဆိုင်နေရတယ်လို့  ဘဏ္ဍာရေး ကြီး ကြပ်မှုလုပ်ငန်း ( FSS ) မှ အုပ်ချုပ် ရေးမှူး ကွန်ဟုတ်ဆီက ဆိုးလ်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဖွင့်ပွဲမှာပြောပါ တယ်။     Sources. xinhuaဟိုချီမင်းစီတီ    ယခုလလယ်သို့မဟုတ် လကုန် မှာ ကုန်ပစ္စည်းအတော်များများရဲ့ ဈေးနှုန်းတွေ မြင့်တက်လာလိမ့်မယ် လို့ ဟိုချီမင်းစီတီမြို့မှာရှိတဲ့ စူပါ မတ် ကက်တွေကပြောပါတယ်။ထုတ်လုပ် သူတွေဆီက   ဈေးတက်တော့မယ် ဆိုတဲ့အကြောင်းကြားစာတွေရတယ် လို့ Co.opMart နဲ့ Maximark  အပါအဝင် စူပါမတ်ကတ် အတော် များများက ပြောတယ်လို့ "အလုပ် သမား" သတင်းစာမှာဖော်ပြထားပါ တယ်။           Sources. VNSပေကျင်း    တရုတ်နိုင်ငံရဲ့ ဖေဖော်ဝါရီ စားသုံးသူ ငွေကြေးဖောင်းပွမှုက လနှစ်ဆယ်အတွင်း အနိမ့်ဆုံးအဆင့် ကို ရောက်ရှိသွားပြီး စက်ရုံကုန်ထွက် နဲ့ လက်လီအရောင်းကလည်း မျှော် မှန်း ထားတာထက်ကျဆင်းတဲ့ အ တွက်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူဖြစ်စေဖို့အတွက် ငွေကြေး မူဝါဒတွေကို ပိုမို လျှော့ချရတော့ မယ်လို့ လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။  Sources. Reutersစင်ကာပူ    လေကြောင်း   ပို့ဆောင်ရေး ကဏ္ဍမှာ ဖွံ့ဖြိုးမှု  နှေးကွေးနေတဲ့ အတွက် မိမိဆန္ဒအလျှောက်လစာမဲ့ ခွင့် နှစ်နှစ်ခန့် ယူကြဖို့  လေကြောင်း လိုင်းရဲ့     လေယာဉ်မှူးတွေကို စင်ကာပူ အဲလိုင်းက မတ် ၉ ရက် ကပြောပါတယ်။လောင်စာဆီ စရိတ် မြင့်တက်မှု၊ ခရီးသည် အရနည်းမှုနဲ့ ဥရောပက ဝယ်လိုအား  ကျဆင်းမှု တို့ကြောင့် ၂၀၁၁ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ အမြတ်ငွေ ကျဆင်းခဲ့ တယ်လို့ လေကြောင်းလိုင်းက ပြော ပါတယ်။Sources. economictimes. indiatimes.com