Main menu

Background

စင်ကာပူ အဲလိုင်းက လောင်စာ အပိုကြေး မြှင့်တင်

Tue, 03/13/2012 - 07:10 -- Anonymous (not verified)

    လောင်စာဆီ     ဈေးနှုန်းများ အဆက်မပြတ် တက်နေတဲ့အတွက် မတ် ၈ ရက်ကစပြီး   ရောင်းချမဲ့ လေယာဉ်လက်မှတ်တွေကို လောင်စာ ဆီ အပိုကြေးတိုးမြှင့် ကောက်ခံတော့ မယ်လို့ စင်ကာပူအဲလိုင်းက မတ် ၂ ရက်က ကြေညာပါတယ်။    ဂျက်လောင်စာဆီဈေးနှုန်း များက မြင့်တက်လျက်ရှိနေပြီး ယခုအချိန်မှာ လောင်စာဆီဈေးနှုန်းက လေကြောင်း အသုံးစရိတ်ရဲ့  ၄၀  ရာခိုင်နှုန်းကို ရောက်ရှိနေကြောင်း လေကြောင်းလိုင်း ကပြောပါတယ်။ တိုးမြှင့်လိုက်တဲ့ အပို ကြေးကခရီးအကွာအဝေးနဲ့ အတန်း အစားပေါ်မှာ မူတည်ပြီး ၂ ဒေါ်လာက နေ ၂၈ ဒေါ်လာထိ ကွာခြားမှာဖြစ်ပါ တယ်။    လေကြောင်း  လုပ်ငန်းတွေမှာ ပွတ်ကာသီကာ အမြတ်ယူဆောင်ရွက် နေကြရာ လောင်စာဆီဈေးနှုန်း မြင့် တက်မှုက ကမ္ဘာ့လေကြောင်းလုပ်ငန်းရဲ့ အမြတ်အစွန်းအပေါ်မှာ ဂယက်ရိုက် ခတ်မှုကို ဖြစ်ပေါ်စေလျက်ရှိပါတယ်။၂၀၁၂ ခုနှစ်မှာ လေကြောင်းလုပ်ငန်းရဲ့ အမြတ်အစွန်းက ဒေါ်လာ ၃ ဒသမ ၅  ဘီလီယံရှိမယ်လို့ ခန့်မှန်းထားရာ အမြတ်ရာခိုင်နှုန်းမှာ  သုည ဒသမ ၆ ရာခိုင်နှုန်းသာရှိကြောင်း ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့   အစီရင်ခံစာတွင် ဖော်ပြ ထားသည်။                  Source.AFP