Main menu

Background

တရုတ်ဟန်းဆက်ထုတ်လုပ်သူတွေ တိုးတက်မှုရရှိ

Tue, 03/13/2012 - 07:17 -- Anonymous (not verified)

    ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်ရာမှာ အကြီးမားဆုံးဖြစ်တဲ့ အက်ပဲကုမ္ပဏီ မပါဝင်တဲ့အတွက် စပိန်နိုင်ငံဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ မိုဘိုင်းဖုန်းကမ္ဘာ့ ကွန်ဂရက်( MWC  )မှာနံပါတ်၂ နဲ့ နံပါတ် ၃ အဆင့်နေရာမှာရှိတဲ့  ကိုရီးယား ဆမ်ဆောင်းနဲ့ အယ်လ်ဂျီတို့က လွှမ်းမိုးထားပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာ ကျင်းပတဲ့ကမ္ဘာ့ အကြီးဆုံးစက်မှုကုန်စည်ပြပွဲကြီးမှာ ထင်ပေါ်လာသူတွေက တော့ တရုတ်ဟန်းဆက်ထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့  ZTE   နဲ့ ဟွာဝေး တို့ဖြစ်ပါတယ်။    ဟွာဝေးက ကမ္ဘာမှာ အမြန်ဆုံးစမတ်ဖုန်းဖြစ်တဲ့ Ascend  D   နဲ့ ခေတ်မီ ဟန်းဆက်ထုတ်လုပ်ရေးကုမ္ပဏီ တံဆိပ်ကပ်နိုင်ခဲ့သလို ZTE ကလည်းဖုန်းသစ် မိုဒယ်လ် ၁၅ မျိုးကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီကြီး နှစ်ခုလုံးက  MWC ကို အဓိက စပွန်ဆာပေးခဲ့တဲ့ ကုမ္ပဏီကြီးတွေဖြစ်လို့ ဘာစီလိုနာ တစ်မြို့လုံးမှာ ဒီကုမ္ပဏီနှစ်ခုရဲ့ ပိုစတာတွေနဲ့ကြော်ငြာတွေက တစ်မိုးလုံး ဖျောက်ဆိပ် ဖြစ်နေပါတယ်။ အစဉ်အလာအားဖြင့် ဥရောပနဲ့ အမေရိကန် ကုမ္ပဏီတွေလွှမ်းမိုးထားတဲ့ ပြပွဲခန်းမ နံပါတ် ၈မှာ တရုတ်ကုမ္ပဏီတွေနဲ့ တောင် ကိုရီးယား ဆမ်ဆောင်း၊ အယ်လ်ဂျီနဲ့ SK  တယ်လီကွန်တို့က အမြိုင့်သား နေရာ ယူထားပါတယ်။    "ကျွန်တော်တို့ ပြိုင်ဖက်ကုမ္ပဏီတွေကို ကျွန်တော်တိုအမြန်ဆုံးကျော် တက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ် တွေကကျွန်တော်တို့ထက်ပိုပြီး ခြေသွက် လက်သွက်ဖြစ်နေတယ်" လို့ အမည်မဖော်လိုသူ ကိုရီးယားအရာရှိတစ်ဦး က ပြောပါတယ်။    အရောင်းစာရင်းအရကြည့်မယ်ဆိုရင် ၂၀၁၁ ခုနှစ် နောက်ဆုံး သုံးလ ပတ်မှာ  ZTE  နဲ့ ဟွာဝေးတို့က ကမ္ဘာမှာစတုတ္ထနဲ့ ဆဌမနေရာကို မြင့်တက်လာ ကြတယ်လို့ ကမ္ဘာ့ဈေးကွက်သုတေသနအေဂျင်စီဖြစ်တဲ့ ဂါတနာ ကပြောပါ တယ်။ အလားတူကာလအတွင်းမှာ ကိုရီးယားကဆမ်ဆောင်းနဲ့ အယ်လ်ဂျီတို့က ဒုတိယနဲ့ ပဉ္စမနေရာကိုရောက်ရှိခဲ့တယ်လို့ အေဂျင်စီကဖော်ပြပါတယ်။    "ကျွန်တော်တို့က ထုတ်ကုန်သစ်တွေမကြေညာခင်ကတည်းက သူတို့က အလားတူကုန်ပစ္စည်းကိုပြနေကြပြီ"လို့  ZTE ကုမ္ပဏီပြခန်းနဲ့ ကပ်နေတဲ့ ဆမ်ဆောင်းပြခန်းကို လာရောက်ကြည့်ရှုစဉ်က ဆမ်ဆောင်းအီလက်ထရွန်း နစ်ရဲ့ အမှုဆောင်အရာရှိချုပ် ချွိုင်ဂီးဆန်းက ပြောပါတယ်။    ကမ္ဘာ့ဈေးကွက်မှာ "ပေါက်" ခဲ့တဲ့ စမတ်ဖုန်း Galaxy S  II ကို ယခုနှစ် MWC ပြပွဲမှာ ဆမ်ဆောင်းက ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။  ZTE  နဲ့ ဟွာဝေးတို့က တရုတ်ပြည်တွင်းဈေးကွက်မှာသာ ကျယ်ပြန့်နေသေးတာဖြစ်လို့ ကမ္ဘာ့ဈေးကွက် နဲ့ အသားကျသေးဟန်မတူပါ၊ ဒါပေမဲ့ MWC မှာတော့ ဒီကုမ္ပဏီတွေက ကမ္ဘာ့ ဈေးကွက်ကို အလေးထားတယ်ဆိုတာကို သူတို့ရဲ့မိုဘိုင်းကိရိယာတွေက ပြသနေပါတယ်။                                           Source.koreaherald.com