Main menu

Background

အိန္ဒိယအဖွဲ့ အီရန်သို့ စီးပွားရေး လုပ်ငန်းကိစ္စသွားရောက်ဆွေးနွေးမည်

Tue, 03/13/2012 - 07:19 -- Anonymous (not verified)

    အမေရိကန် ပြည်ထောင်စုက ဦးဆောင်ပြီး အီရန်နိုင်ငံရဲ့ နျူကလီး ယား အစီအစဉ်ကို အငြင်းပွားလျက် ရှိနေပေမဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ "အခွင့်အလမ်းကြီးတွေ" ကို စူးစမ်း ဖော် ထုတ်ဖို့အတွက် အိန္ဒိယကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကလာမဲ့ သီတင်း ပတ်မှာ အီရန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။  ကိုယ်စားလှယ်အဖွဲ့က မတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ အီရန်နိုင်ငံကို သွားရောက် လည်ပတ် မှာဖြစ်ကြောင်းနဲ့ ဒေါ်လာနဲ့ပေးချေဖို့ အတွက် အရေးယူ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ငွေပေးချေမဲ့ အစီအစဉ်တွေ အပါအဝင် အဓိက ပြဿနာတွေကို ပို့ကုန် လုပ်ငန်းရှင်တွေက ဖြေရှင်းမှာ ဖြစ်ကြောင်း  အိန္ဒိယပို့ကုန်လုပ်ငန်း ဖက်ဒရေးရှင်းက မတ် ၂ ရက်က ပြော ပါတယ်။    "ဒီခရီးစဉ်ကနေ စီးပွားရေး လုပ် ငန်းတွေ အဆက်အသွယ် အများကြီး ရမယ်လို့ မျှော်လင့်ထားကြောင်း ကုန် သွယ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ရာတွင် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေ တဲ့ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့် ရှိ သူ အာနန်ဆက်က ပြောပါတယ်။    အီရန်နိုင်ငံကိုပို့တဲ့ ပို့ကုန်တွေ အတွက်ငွေပေးချေရာမှာ အိန္ဒိယရူပီး နဲ့ပေးချေတဲ့စနစ်ကိုကျင့်သုံးပါလိမ့်မယ်။ အီရန်နိုင်ငံရဲ့ ပါရှန်ဘက်က အိန္ဒိယနိုင်ငံ က  UCO    ဘဏ်မှာ ငွေစာရင်း ဖွင့် ပေးထားပြီး အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင် တွေက အီရန်နိုင်ငံက ပေးချေတဲ့အခါ ရူပီးငွေကြေးကိုရရှိမှာဖြစ်ပါတယ်လို့ ဆက်က ပြောပါတယ်။    ဒီလို  ဆောင်ရွက်တဲ့အတွက် ဘဏ်လုပ်ငန်းလမ်းကြောင်း  အဆင် မပြေအောင်   ဆောင်ရွက်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ဆောင် ရွက်ထားတာကို ရှောင်ရှားပြီး အိန္ဒိယ နိုင်ငံက ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အီရန်နိုင်ငံက ဆော်ဒီအာရေးဗီးယား ပြီးရင်အိန္ဒိယနိုင်ငံအတွက်ဒုတိယ အများဆုံးရေနံတင်သွင်းတဲ့နိုင်ငံ ဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ရေနံလိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးထားပါတယ်။ အီရန်နိုင်ငံက နျူကလီးယား အစီအစဉ် ကိုဖိအားပေးဖို့အတွက် ရည်ရွယ်ပြီး စီးပွားရေး ပိတ်ဆို့ရေး လှုပ်ရှားမှုတွေ ပြင်းထန်နေတဲ့အတွက် အီရန် နိုင်ငံ ရေနံဖိုးတွေကို စာရင်းရှင်းရာမှာ ပြဿ နာတွေရှိနေပါတယ်။ ဒါကြောင့် အိန္ဒိယ နိုင်ငံက အီရန်နဲ့ ကုန်သွယ်မှုတွေ ပြု လုပ်နိုင်ဖို့နည်းလမ်းတွေရှာဖွေနေပါတယ်။    အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူဖို့ပိတ်ဆို့မှု မျိုး ကိုသာလိုက်နာနိုင်မယ်။ တစ်သီး ပုဂ္ဂလ နိုင်ငံတစ်ခုချင်းက အရေးယူ ပိတ်ဆို့ဖို့ ဆောင်ရွက်တာမျိုးကို  အကောင် အထည် မဖော်နိုင်ဘူးလို့ အိန္ဒိယအစိုးရ ကပြောပါတယ်။ ပို့ကုန်လုပ်ငန်းတွေတိုး မြှင့်နိုင်ဖို့အတွက် အီရန်နိုင်ငံကို ကိုယ် စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ အိန္ဒိယ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ရာဟူးခူးလားက ပြောပါ တယ်။                              Source. AFP