Main menu

Background

ဗီယက်နမ် စီးပွားရေးလုပ်ငန်းများ ပင်လယ်ရပ်ခြားမှာ လုပ်ငန်းချဲ့လို

Tue, 03/13/2012 - 07:20 -- Anonymous (not verified)

    ယခုအခါ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက နိုင်ငံပြင်ပ မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းပေါင်း ၆၂၇ ခုရှိပြီး စုစုပေါင်း တန်ဖိုးဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ ရှိကြောင်း စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။ဗီယက်နမ်ရင်းနှီး မြှုပ်နှံမှုတွေက နိုင်ငံနဲ့ ဒေသပေါင်း ၅၅ ခုမှာ ရောက်ရှိနေပြီး ဗီယက်နမ်လုပ်ငန်းတွေ ကသူတို့ဈေးကွက်ကို ဒီထက်ပိုချဲ့ဖို့ စဉ်းစားနေပါတယ်။    လာအို၊ကမ္ဘောဒီးယားနဲ့ ရုရှနိုင်ငံတို့လို ကျွမ်းဝင်ပြီးသား ဈေးကွက်များအပြင် ဗီယက်နမ်စီးပွားရေးလုပ်ငန်း တွေက ယခုအခါ ဗဟိုအာဖရိကနှင့် ဗဟိုအမေရိကတို့တွင်လည်း ထိုးဖေါက်ဝင်ရောက်လျက်ရှိပါတယ်။ပင်လယ် ရပ်ခြားတွင် ရင်းနှှီးမြှုပ်နှံမှု စုစုပေါင်းအနက် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ကို လာအိုနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပြီး အထူးသဖြင့် ဆက်သွယ်ရေး၊ ရေအားလျှပ်စစ်၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံနဲ့  ဘဏ်လုပ်ငန်းတို့တွင် ရင်းနှီး မြှုပ်နှံခြင်းဖြစ်ပါတယ်။    ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ရုရှားနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာ ၇၇၆ သန်းရင်းနှီမြှုပ်နှံပြီး အများအားဖြင့် ဈေးများနဲ့ ရှော့ပင်းစင်တာများ ဆောက်လုပ်တာဖြစ်ပါတယ်။    ထူးခြားတဲ့ စီမံကိန်းတွေထဲမှာ ဒေါ်လာ ၈၀၆ သန်း ကုန်ကျမည့် ကမ္ဘောဒီးယားက မဂ္ဂါဝပ် ၄၀၀ရှိ ရေအား လျှပ် စစ်ဓာတ်အားစက်ရုံနဲ့ ဟက်တာ ၄၀၀၀ ကျော်ရှိ ရော်ဘာ စိုက်ပျိုးရေးခြံလုပ်ငန်းတို့အပြင် Viettel  ကဆောင်ရွက်တဲ့ ဒေါ်လာ ၄၀၈ သန်းရှိဆက်သွယ်ရေးလုပ်ငန်းတွေ ဖြစ်ပါ တယ်။                            Source.english.Veetnamnet.Vn