Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 03/13/2012 - 07:22 -- Anonymous (not verified)

    ဘွန်းစာချုပ်များကို  ကိုင်ဆောင် ထားတဲ့သူတွေက ဂရိကြွေးမြီဖလှယ်မှု ကို နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မတ် ၈ ရက်မတိုင်မီလက်ခံလိုက်တဲ့ အတွက် ဂရိနိုင်ငံကြွေးမြီပေးဆပ်ဖို့ ပျက်ကွက် မှာကို စိုးရိမ်မှုတွေလျော့ပါးခဲ့ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားဝမ်ကဦး ဆောင်ပြီးအာရှငွေကြေးတန်ဖိုးတွေ တိုးတက်ခဲ့ပါတယ်။    အာရှဈေးကွက်ပိတ်ချိန်မှာ ဂရိနိုင် ငံကြွေးမြီကိစ္စနဲ့အကျုံးဝင်တဲ့ ရင်းနှီးမြှုပ်  နှံသူ ၆၀ ရာခိုင်နှုန်းကျော်က ချေးငွေ ဖလှယ်မှုမှာ ပါဝင်ဖို့သဘောတူလာကြ တဲ့အတွက် ဂရိနိုင်ငံရဲ့ကြွေးမြီပြန်လည် ညှိနှိုင်းပြင်ဆင်မှုက သမိုင်းမှာပမာဏ အများဆုံးဖြစ်ခဲ့ပါတယ်။    "အာရှဒေသတွင်းကို ငွေကြေး တွေဆက်လက်စီးဝင်လိမ့်မယ်"လို့ မိဇူ ဟိုကော်ပိုရိတ်ဘဏ်မှ ကုန်သည်အဖွဲ့ ခေါင်းဆောင်ရှီငဲဟီဆာ ရှီရိုကီက ပြော ပါတယ်။တရုတ်ယွမ်    ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံရဲ့ စားသုံးသူဈေးနှုန်းက ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ၁၉ လအတွင်း တိုးတက်မှုနှုန်းမှာ အနှေးကွေးဆုံးဖြစ် ခဲ့ပါတယ်။ ဒါကြောင့် ယွမ်ငွေတန်ဖိုးက စတုတ္ထနေ့အဖြစ်ဆက်တိုက်ကျဆင်း ခဲ့တာကိုတွေ့ရပါတယ်။    ဒါပေမဲ့ တရုတ်နိုင်ငံခြားငွေရောင်း ဝယ်ရေးဌာနစာရင်းများအရ ယွမ်ငွေ ကြေးရဲ့ တန်ဖိုးဟာ မတ် ၉ ရက်က ဒေါ်လာငွေကြေးနဲ့ဖလှယ်ရာမှာ ၁ ဒသမ ၆၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၃၀၇၃ ယွမ်နှုန်း ရှိခဲ့ပါတယ်။ ယွမ်ငွေကြေးတန်ဖိုးက ဖေ ဖော်ဝါရီ ၂၉ ရက်မှာ ၆ ဒသမ ၂၉၁၉ ယွမ်နှုန်းဖြစ်လာပြီး  တရုတ်နိုင်ငံက ငွေလဲလှယ်နှုန်းဖွဲ့စည်းမှု  ယန္တရားကို စတင်  အသုံးပြုခဲ့တဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။အိန္ဒိယရူပီး    ပြည်တွင်းရှယ်ယာဈေးကွက်တွေ ခိုင်နေချိန်မှာ နိုင်ငံခြားငွေစီးဝင်မှုတိုး တက်လာတဲ့အတွက်  မတ် ၉ ရက် မ နက်ပိုင်းက ဘဏ်အချင်းချင်းနိုင်ငံခြား ငွေဖလှယ်ရေးဈေးကွက်မှာ ရူပီးငွေရဲ့ တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒသမ ၃၄ ရူပီးမြင့်တက်ပြီး တစ် ဒေါ်လာကို ၄၉ ဒသမ ၉၄ ရူပီးနှုန်းရှိ ခဲ့ပါတယ်။ ရူပီးတန်ဖိုးမြင့်တက်ရတာ ဟာ အိန္ဒိယနိုင်ငံထဲကို နိုင်ငံခြားငွေတွေ စီးဝင်လာတာအပြင်   ပြည်ပဈေး ကွက်တွေမှာ ဒေါ်လာနဲ့ ယူရိုဖလှယ် ရာမှာ ယူရိုတန်ဖိုးမြင့်တက်လာတာက လည်း အကြောင်းတစ်ခုဖြစ်တယ်လို့ ဝယ်ရောင်းသမားတွေကပြောပါတယ်။ နိုင်ငံခြားငွေဈေးကွက်မှာ အိန္ဒိယဗဟို ဘဏ်ကဝင်ရောက်ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့လို့ မတ် ၇ ရက် က ရူပီးတန်ဖိုးက တစ်ဒေါ်လာကို ၅၀ ဒသမ ၂၈ ရူပီးနှုန်းထိဖြစ်ခဲ့ပါတယ်။ဂျပန်ယန်း    ဇန်နဝါရီနိုင်ငံခြားငွေပေးငွေယူ ရှင်တမ်းစံချိန်တင်လိုငွေပြခဲ့တဲ့အတွက် ဂျပန်ငွေကြေးက အကျပ်ဆက်ရိုက်ခံ နေရဆဲဖြစ်နေတဲ့အတွက် တိုကျိုမှာ မတ် ၉ ရက်က ယန်းငွေနဲ့ ဖလှယ်ရာ မှာ ဒေါ်လာနဲ့ ယူရိုငွေကြေးတွေနဲ့ တန်ဖိုးကထပ်မံမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပနဲ့ အမေရိကန်ပြည် ထောင်စုမှာဖြစ်ပျက်လာမဲ့အခြေအနေ တွေကို ရင်းနှီးမြှုပ်နှံသူတွေက အကဲ ခတ်စောင့်ကြည့်နေတဲ့အတွက် တန်ဖိုး တက်သင့်သလောက်မတက်ပဲ  ရှိခဲ့ပါ တယ်။    ဒေါ်လာ/ယန်း  ဖလှယ်နှုန်းမှာ မတ် ၈ ရက်ညနေ ၅ နာရီက နယူး ယောက်မှာ တစ်ဒေါ်လာကို ၈၁ ဒသမ ၅၀ ယန်းနဲ့ တိုကျိုမှာ ၈၁ ဒသမ ၃၂ ယန်းရှိခဲ့ရာမှ မတ် ၉ ရက်မွန်းတည့် ချိန်မှာ တစ်ဒေါ်လာကို ၈၁ ဒသမ ၈၂ ယန်းနှုန်းရှိခဲ့ပါတယ်။    ယူရို/ယန်းဖလှယ်နှုန်းက မတ် ၈ ရက်နေ့လယ်ပိုင်းက နယူးယောက်မှာ ၁၀၈ ဒသမ ၂၁ ယန်းနဲ့တိုကျိုမှာ ၁၀၇ ဒသမ ၁၆ ယန်းနှုန်းရှိခဲ့ရာမှ တစ်ယူရို ကို ၁၀၈ ဒသမ ၅၅ ယန်းနှုန်းထိရှိခဲ့ ပါတယ်။မလေးရှားရင်းဂစ်    ထွန်းသစ်စ  ငွေကြေးများကို ပိုမို သဘောကျ   နှစ်ခြိုက်လာတဲ့အတွက် မတ် ၉ ရက်မနက်မှာ  ရင်းဂစ်တန်ဖိုး ကဒေါ်လာနဲ့  ဖလှယ်ရာမှာ အနည်း ငယ်မြင့်တက်ခဲ့ကြောင်းဝယ်ရောင်းသ မားတွေကပြောပါတယ်။ ရင်းဂစ်တန်  ဖိုးက မတ် ၈ ရက်မှာဈေးပိတ်ချိန်က ၃ ဒသမ ၀၀၈၅ ရင်းဂစ်နှုန်းရှိခဲ့ရာမှ မတ် ၉ ရက်မနက် ၉ နာရီမှာတစ်ဒေါ် လာကို ၃ ဒသမ ၀၀၆၅ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ပုဂ္ဂလိကကဏ္ဍအလုပ်အကိုင်အစီရင် ခံစာအရအခြေအနေ ကောင်းမွန်မှုနဲ့ ဥရောပကြွေးမြီပြဿနာကို အကောင်း ဘက်ရှုမြင်လာတာတွေကြောင့် ကမ္ဘာ့ စီးပွားရေးအတွက် စိတ်ပူပန်မှုတွေ လျော့လာတာတွေ့ကြောင့် စွန့်စားမှုကို နှစ်သက်သဘောကျသူပိုများလာတယ် လို့ ဝယ်ရောင်းသမားတွေကပြောပါ တယ်။တောင်ကိုရီးယားဝမ်    ဂရိကြွေးမြီညှိနှိုင်းမှု မပြီးပြတ်မီ ရင်းနှီးမြှုပ်နှံသူတို့က ဂရုစိုက်ဆောင် ရွက်နေကြတဲ့အတွက်  တောင်ကိုရီး ယား ဝမ်တန်ဖိုးက ဒေါ်လာနဲ့ဖလှယ် ရာမှာ မတ် ၉ ရက်နေ့က ပုံမှန်အနေ အထားသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ညနေ ပိုင်းဈေးကွက်မှာဒေါ်လာကိုအဝယ်ပို လိုက်လာတဲ့အတွက် ဝမ်ငွေတန်ဖိုးက ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဝမ်ငွေ ကြေးတန်ဖိုးက မတ် ၉ရက်က ဒေါ်လာ နဲ့ဖလှယ်ရာမှာ သုည ဒသမ ၅၀ ဝမ် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၁၇ ဒသမ ၈၀ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ်    ဘတ်ငွေတန်ဖိုးက ယခုသီတင်း ပတ်အတွင်းအမြင့်ဆုံးအခြေအနေကို ရောက်ခဲ့ပြီးမှပင်လယ်ရပ်ခြားကုမ္ပဏီ တွေက ရေလွှမ်းမိုးမှုအတွက်လျော် ကြေးတောင်းဆိုမှုများကိုပေးချေဖို့ ဘတ်ငွေကိုဝယ်ယူကြလိမ့်မယ်လို့ ယူ ဆကြတဲ့အတွက် အပြောင်းအလဲအ နည်းငယ်ရှိခဲ့ပါတယ်။    မတ်လအတွင်းမှာ အပြည်ပြည် ဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေက ထိုင်းရှယ် ယာတွေကိုအရောင်းထက်အဝယ်က ဒေါ်လာ ၂၀၉ သန်းပိုမိုခဲ့တာကို ဒိုင် စာရင်းတွေအရသိရပါတယ်။ထိုင်းဘတ် ငွေတန်ဖိုးကဘန်ကောက်မှာ မတ် ၉ ရက် နံနက် ၈ နာရီ ၅၂ မိနစ်က အပြောင်းအလဲ အနည်းငယ်သာရှိပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၅၀ ဘတ် နှုန်း ရှိခဲ့ပါတယ်။Sources.bloomberg.gulfnews. xinhua, thehindu,maimichi Japan, bernama