Main menu

Background

အမေရိကန်ဘွန်းစာချုပ်တွေကို တရုတ်ကလျှော့ချ

Tue, 03/13/2012 - 07:23 -- Anonymous (not verified)

    နိုင်ငံကုန်သွယ်မှုမှာ တရုတ်ငွေကြေးအသုံးပြုမှုကို မြှင့် တင်ရန်အတွက် ယွမ်နဲ့ဆောင်ရွက်တဲ့ နယ်စပ်ကုန် သွယ်မှုကို လျင်မြန်စွာတိုးတက်အောင်ဆောင်ရွက်ဖို့ တရုတ်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ငွေတိုက် ဘွန်းစာချုပ်တွေကို အများဆုံးကိုင်ဆောင်ထားတဲ့ တရုတ် နိုင်ငံက အမေရိကန်ဘွန်းစာချုပ် ၈ ဒသမ ၂ ဘီလီယံကို လျှော့ချခဲ့ပါတယ်။    တရုတ်နိုင်ငံက အမေရိကန်ငွေတိုက်ဘွန်းစာချုပ်များ ကိုင်ဆောင်ထားရာမှ ဆယ်စုနှစ်အတွင်း ပထမဆုံးအနေဖြင့် လျှော့ချဆောင်ရွက်ခြင်းဖြစ်ရာ တရုတ်နိုင်ငံ၏ နိုင်ငံခြား ငွေများကို အမျိုးမျိုးခွဲခြားထားခြင်းကို လျင်မြန်စွာစတင် ဆောင်ရွက်မှာဖြစ်ကြောင်း အချက်ပြတဲ့သဘောဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကိုင်ဆောင်ထားသော အမေရိကန်ပြည် ထောင်စုငွေတိုက်ဘွန်းစာချုပ်များက ဒီဇင်ဘာမှာ ငါးလ မြောက် ဆက်တိုက်ကျဆင်းပြီး ဒေါ်လာ ၁ ဒသမ ၁၅ ထရီ လီယံ ရှိခဲ့ပါတယ်။    ပြန်လည်ပြုပြင်ထားတဲ့စာရင်းတွေအရ တရုတ်နိုင်ငံက သူ့ရဲ့ အမေရိကန်ဘွန်းစာချုပ်လက်ဝယ်ထားရှိမှု ကို ၂၀၁၁ ခုနှစ်မှာ ၂၀၁၀ ပြည့်နှစ်ရှိခဲ့တာထက် ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံလျှော့ချခဲ့ပါတယ်။ ယခုတစ်ကြိမ်က ၂၀၀၁ ခုနှစ် နောက်ပိုင်းဘွန်းစာချုပ်နှစ်အလိုက်လက်ကျန်ထားတဲ့ ပမာဏ ကို ပထမဆုံးအကြိမ်လျှော့ချခဲ့တာ ဖြစ်ကြောင်း ချိုင်းနား ဒေလီသတင်းစာက မတ် ၃ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တာက တရုတ်နိုင်ငံက ဒေါ်လာ အားပြုရာကနေ ရင်းနှီးမြှုပ်နှံရေးလမ်းကြောင်းကို အမျိုးမျိုးဖော်ဆောင်တဲ့လုပ် ငန်းကို မြှင့်တင်ဆောင်ရွက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ က ပြောပါတယ်။    လုပ်ငန်းများကို တိုးချဲ့ပြီးတဲ့ နောက်ပိုင်းမှာ သွင်းကုန်-ပို့ကုန်လိုင်စင်ရှိတဲ့ စီးပွားရေးလုပ်ငန်းအားလုံးက သူတို့ရဲ့ နိုင်ငံခြား ကုန်သွယ်မှုကို ယွမ်ငွေနဲ့ပေးချေနိုင်တော့မယ်လို့ နေ့စဉ် သတင်းစာမှာ ဖော်ပြထားပါတယ်။Source.asiaage.com