Main menu

Background

ယန်းတန်ဖိုး မြင့်တက်မှုကြောင့် တောင်ကိုရီးယားကုမ္ပဏီများက ဂျပန်သွင်းကုန် လျှော့ချ

Tue, 03/13/2012 - 07:24 -- Anonymous (not verified)

    ယန်းငွေတန်ဖိုးမြင့်တက်မှုနဲ့ အထွေထွေစီးပွားရေးကျဆင်းမှုကြောင့် ဂျပန် နိုင်ငံမှ စက်အစိတ်အပိုင်းနဲ့ အပိုပစ္စည်းတွေကိုတင်သွင်းနေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေက ပစ္စည်းတင်သွင်းမှုတွေကို လျှော့ချဖို့ကြိုးစားနေတယ်လို့မတ် ၈ ရက် က ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။    ဂျပန်နိုင်ငံကနေလက်ရှိဆောင်ရွက်နေတဲ့ တင်သွင်းမှုတွေက ဂျပန်မှာမြေ ငလျင်ကြီး မဖြစ်ပေါ်ခင်တစ်နှစ်ကနဲ့နှိုင်းယှဉ်ရင်အတိုင်းအတာတစ်ခုအထိ ကျဆင်း ကြောင်းစစ်တမ်းကောက်ယူထားတဲ့ သွင်းကုန်လုပ်ငန်းရှင် ၂၂၀ အနက် ၃၀ ဒသမ ၁ ရာခိုင်နှုန်းက ပြောတယ်လို့ ကိုရီးယားအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး အသင်း (KITA  )  ကပြောပါတယ်။Source.english.yonhapnews.com