ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်း လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးကုမ္ပဏီမှ မိုင်းယောင်းမြို့နယ်၊ မိုင်းယုဒေသထွက် တစ်သျှူး ငှက်ပျော၊ ဖရဲသီးနဲ့ ရွှေဖရုံသီးများကို မိုင်းယုဒေသ မှတစ်ဆင့် တရုတ်နိုင်ငံ ကျင်းဟုန်သို့ တင်ပို့ခွင့် လိုင်စင်ခွင့်ပြုချက်ရရှိတဲ့အတွက် အထူးဝမ်းသာ လျက်ရှိတယ်လို့ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းရှဲလာက မတ် ၃ ရက်က တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်း မယ်ယန်းအစည်း အဝေးခန်းမမှာပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့် တင်ရေး အစည်းအဝေးမှာ ပြောကြားတယ်လို့ သတင်းရရှိပါတယ်။ ၎င်းအနေနဲ့ ယခုလိုင်စင်မှာ လျှောက်ထားတဲ့ ဈေးနှုန်းများအား ပထမအကြိမ် တင်ပို့ရရှိမှုပေါ်မူတည်ပြီး ဈေးနှုန်းတိုးမြှင့်လျှောက် ထားသွားမှာဖြစ်လို့ လိုအပ်သော အကူအညီများ ကိုလည်း ပံ့ပိုးပေးပါလို့ ပြောကြားခဲ့ပါတယ်။ တာချီ လိတ် ဥှ အကောက်ခွန် ဝန်ထမ်းများကလည်း မိုင်းယုဒေသထွက်ပေါက်သို့ သွားရောက်ပြီး ကုန် ပစ္စည်းစစ်ဆေးခြင်းနဲ့ အခြားလိုအပ်တဲ့ အကူအညီ များကိုလည်း ပေးသွားမယ်လို့ အကောက်ခွန်ဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ချိုက လည်း ပြန်လည်ဆွေးနွေးပေးခဲ့တယ်လို့ သိရပါ တယ်။ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက လည်း မိမိတာဝန်ယူစဉ်မှာ မိုင်းယုဒေသထွက်ကုန် များ မိုင်းယုမှ တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်း ပေါ် ပေါက်လာခြင်း၊ ဒေသခံတောင်သူများနဲ့ ဘိန်း အစားထိုး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ပြုစေခြင်း စတဲ့အကျိုးအမြတ်များ ရရှိစေနိုင်တဲ့ အတွက် မူဝါဒ လုပ်ထုံးလုပ်နည်းများအတွင်းမှ တင်ပို့နိုင်ရေး စည်းရုံးဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး နိုင်ငံတော်မှ အခွန်အခပိုင်း၊ အတားအဆီးပိုင်း၊ ကုန်ပစ္စည်းအမယ်ပိုင်း ဖြေလျော့မှုများ ပေးနေ ပြီဖြစ်တဲ့အတွက် ကုန်သည်လုပ်ငန်းရှင်များအနေ နဲ့ အမယ်သစ်ပို့ကုန်များ တင်ပို့နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းရန်တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။Source: နကသ (တာချီလိတ်)MIRT (DOBT)
Background