Main menu

Background

ကျုံပျော်မြို့နယ် TPIS ဝန်ထမ်းများ၊ တောင်သူများ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်မှုလုပ်ငန်းများကို ကွင်းဆင်းတွေ့ဆုံ

Tue, 03/13/2012 - 08:05 -- Anonymous (not verified)

ကျုံပျော်မြို့နယ်၊  TPIS  ဝန်ထမ်းများဟာ မတ် ၆ ရက်က ကျုံပျော်မြို့နယ်အတွင်း မန်းစက္ကူကျေးရွာ၊ အင်းမကျေးရွာ၊ ပျဉ်ချဆိပ်ကျေးရွာ၊ သောင်ကျေးရွာများသို့ အုပ်စုလေးစုခွဲပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူများနဲ့တွေ့ဆုံကာ ၎င်းင်းတို့ရဲ့ ရိတ်သိမ်း ချိန်လွန်ကဏ္ဍအပေါ် ဆောင်ရွက်နေမှုများအတွက် နည်းပညာဖြန့်ဝေရေးလုပ်ငန်းများ ထိရောက်စွာလုပ်ကိုင်နိုင်ရန် ကွင်းဆင်းခဲ့ ပြီး၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုများကို တွေ့ဆုံမေးမြန်း၍ အချက်အလက်များ ပြုစုဆောင် ရွက်ခဲ့ပါတယ်။တွေ့ဆုံမေးမြန်းရာမှာ တောင်သူလယ်သမားများရဲ့ စပါးသီးနှံခြွေလှ့ရာမှာ ကျင့်သုံးတဲ့နည်းလမ်းများ၊ ကောက်လှိုင်းစည်း များ လယ်ကန်သင်းမှာ အချိန်ကြာမြင့်စွာထားသိုပြီးမှ ခြွေလှေ့ခြင်းရှိမရှိ၊ စပါးနဲ့အခြား သီးနှံများ စိုက်ပျိုးရာမှာ အသုံးပြုတဲ့ မြေသြဇာနဲ့ သုံးစွဲတဲ့နှုန်းထားများ၊ စပါးနဲ့အခြားသီးနှံများ အခြောက်ခံရာမှာကျင့်သုံးတဲ့ နည်းစနစ်များနဲ့ အခြောက်ခံ စက်များ အသုံးပြုနိုင်ခြင်း ရှိ မရှိ၊ မိမိစိုက်ပျိုးထွက်ရှိတဲ့စပါးများကို ရောင်းချရာမှာ စပါးအားတိုက်ရိုက်ရောင်းချခြင်းသို့မဟုတ် ဆန်အဖြစ် ကြိတ်ခွဲပြီးရောင်းချခြင်း၊ ဆန်စပါးနဲ့အခြား သီးနှံသိုလှောင်မှုနည်းစနစ်များ သိုလှောင်ထားရှိစဉ် ပိုးမွှားကာကွယ်ရေးအတွက် စိုက်ကွင်းသုံး ဓာတုဆေးဝါးသုံးစွဲမှု ရှိမရှိ၊ ဆန်စပါးအခြားသီးနှံများရောင်းချရာမှာ ကျင့်သုံးရောင်းဝယ်နေသော အလေးတင်း တောင်းချိန်တွယ်မှုစနစ်များ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွင်း Good Agriculture Practice  စိုက်ပျိုးရေး လုပ်ငန်းကျင့်စဉ်ကောင်းများ (GAP စနစ်) ကျင့်သုံးသောစိုက်ကွင်းများရှိမရှိနဲ့ အခြားတောင်သူများ သိလိုသောအချက်များကို မေးမြန်းခြင်း၊ ရှင်းလင်းဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။                     မင်းဇော်မွန်