Main menu

Background

လွိုင်ကော်မြို့နယ်တွင် ရိတ်သိမ်းချိန်လွန်ကဏ္ဍအပေါ် ဆောင်ရွက်နေမှုများ ကွင်းဆင်းဆွေးနွေး

Tue, 03/13/2012 - 08:12 -- Anonymous (not verified)

ကယားပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ လွိုင်ကော်ခရိုင် တာဝန်ခံနဲ့အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ်၊ မတ်လ ၃ ရက်မှာ ဒေါခုခူရပ်ကွက်မှ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၁၀ ဦးနဲ့ လည်းကောင်း၊ မတ်လ ၄ ရက်မှာ နာနတ်တော ကျေးရွာမှ တောင်သူ ၁၄ ဦးနဲ့လည်းကောင်း တွေ့ဆုံပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများရဲ့ ရိတ်သိမ်းချိန်လွန် ကဏ္ဍ အပေါ်ဆောင်ရွက်နေမှုများကို လေ့လာဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ဆွေးနွေးရာမှာ ကျေးလက်နေ တောင်သူအများစု လက်တွေ့ဆောင် ရွက်နေတဲ့ ရိတ်သိမ်းမှုစနစ်များ၊ ကောက်လှိုင်းထားသိုမှုနဲ့ ခြွေလှေ့မှုစနစ်များ၊ မြေသြဇာသုံးစွဲမှုစနစ်နဲ့ ပိုးမွှားကာကွယ်ရေးနည်းလမ်းများ၊ အခြောက်ခံစနစ်နဲ့ သိုလှောင်ကြိတ်ခွဲရောင်းချမှုစနစ်တို့ကို စစ်တမ်းရယူဆွေးနွေးခဲ့ကြပြီး၊ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထံမှ ပြည်ပပု့ိကုန်သီးနှံမြှင့်တင်ရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်မယ့် အကြံပြုချက်များကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။                          မင်းအောင်