Main menu

Background

ကော့သောင်းဒေသတွင် ဘိလပ်မြေတင်သွင်းမှုကို ကျပ် Earning ဖြင့် ဆောင်ရွက်လို

Tue, 03/13/2012 - 08:13 -- Anonymous (not verified)

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက် ရေးအတွက် လိုအပ်တဲ့ ဘိလပ်မြေများကို ကော့ သောင်းဒေသက အဓိကထား တင်သွင်းပေးနေရ တာဖြစ်တဲ့အတွက် ကျပ်Earning  နဲ့ ဝယ်ယူခွင့် ပေးစေလိုတယ်လို့ ကော့သောင်းကုန်သည်အသင်း မှ အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ဖေဖော်ဝါရီ ၂၈ ရက်က ကော့သောင်းကုန်သည် အသင်းမှာပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ် လို့ သတင်းရရှိပါတယ်။ လက်ရှိမှာ ဒေါ်လာEarning  နဲ့ ဝယ်ယူ တင်သွင်းနေကြောင်း၊ ဒေါ်လာ Earning ဝယ်ယူရ သည်မှာ အခက်အခဲရှိနေကြောင်း၊ ကော့သောင်း သို့ တစ်ဖက်နယ်စပ်မှ ကဲ့လှေနဲ့ သယ်ဆောင်ရပြီး ကော့သောင်းရောက်မှ သင်္ဘောတင်ရတဲ့အတွက် အဆင့်ဆင့် သယ်ပို့စရိတ်များ ရှိနေတာကြောင့် ဈေးကွက်မှာ ဈေးမြင့်တဲ့အချိန်မျိုးမှာ ကုန်သွယ် မှုတွင် မယှဉ်နိုင်ကြောင်း၊ ဒီအခက်အခဲများကြောင့် ဒေါ်လာ Earning အစား ကော့သောင်းဒေသရှိ ကျပ်Earning  ဖြင့် ဆောင်ရွက်လိုတာလို့ သိရပါ တယ်။Source: နကသ (ကော့သောင်း)ချမ်းမြေ့မောင်