Main menu

Background

ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန် တစ်သောင်းနားအထိ ပြန်တက်လာ

Fri, 03/23/2012 - 09:01 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ယခင် တစ်ပတ်က မတ်ပဲတန်ချိန် ၅၂၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ မတ်လ ၅ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါး ပြန်လည် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၉ ရက်နေ့အထိ မတ်ပဲ စုစုပေါင်း တင်ပို့နိုင်မှုမှာ တန်ချိန် ၅၆၀၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၄၅၁ သန်းကျော်ရရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရ သိရပါတယ်။ ယခင်၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၄၄၀၀၀၀ နီးပါး နဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၄၃၅ သန်းနီးပါးရရှိထားလို့ ယခုနှစ် ကာလတူမှာ မတ်ပဲ တန် ၁၂၀၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ပြီး ဖြစ်ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ် နောက်ဆုံးလအတွင်း ယခုတစ်ပတ်တင်ပို့မှု ပမဏလို တင်ပို့နိုင်မယ်ဆိုရင် ဘဏ္ဍနှစ် တစ်နှစ်လုံးမှာ မတ်ပဲတန် ၆ သိန်းခန့်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT