ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု ယခင်တစ်ပတ်ထက် ပိုလာပါတယ်။ မတ်လ ၁၀-၁၅ ရက် အတွင်းပဲစင်းငုံ ဖြူနီ၊ အနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ကျော်ထိ အရောင်း အဝယ်စာချုပ်နိုင်တာတွေ့ရပါတယ်။ ယခင်တစ်ပတ် ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အေးလို့ အရောင်းအဝယ်အေး ဈေးအေးပေမဲ့ ယခုတစ်ပတ်မှာတော့ ပို့ကုန်ဝင်ငွေ တန်ဖိုးတက်လာခြင်းနဲ့ ပြည်ပအဝယ်လိုက်လာခြင်းတို့ကြောင့် ပဲစင်းငုံဈေးလည်း အနည်းငယ်တိုးလာတာ တွေ့ရပါတယ်။ ဝယ်လက် တချို့ကတော့ ဈေးသက်သာ တဲ့ ပဲစင်းငုံ အဟောင်းတွေကို ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံအနီအသစ် ငုံနီ(အဟောင်း) ဖြူနီ(အသစ်) ဖြူနီ(အဟောင်း)၁၆-၃-၂၀၁၂ ၅၈၀-၈၀၀ ၅၄၀-၅၆၀ ၄၇၀-၄၉၀ ၄၂၀-၄၄၀၉-၃-၂၀၁၂ ၅၇၀-၅၉၀ ၄၆၀-၄၈၀ ၅၃၀-၅၅၀ ၄၁၀-၄၃၀MIRT(MAPT)
Background