Main menu

Background

အိန္ဒိယဈေးကွက်အချို့မှာ ပဲစင်းငုံဈေးတိုးလာ

Fri, 03/23/2012 - 09:15 -- Anonymous (not verified)

    ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲစင်းငုံဈေး တိုးလာတာ တွေ့ရပါတယ်။ဒေသတွင်းက ပဲစင်းငုံဝင်ရောက်မှု အားနည်းလာပြီး မဟာရပ်ရှတရာ ပဲစင်းငုံကို ဝယ်လိုအားတက်လာလို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အချို့ဈေးကွက်တွေမှာ ပိတ်ရက်များကြောင့် ဈေးပိတ်ထားခြင်းကလည်း ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ မြန်မာပဲစင်းငုံမှာ ရောင်းချမှုပုံမှန်ရှိနေပေမဲ့ ပဲခွဲစက် များနဲ့ ကုန်သည်တွေရဲ့ ဝယ်လိုအားတက်လို့ မြန်မာပဲစင်းငုံဈေးလည်း ထပ်မံမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်             ၁၅-၃-၂၀၁၂    ၁၄-၃-၂၀၁၂    ၁၃-၃-၂၀၁၂    ၁၂-၃-၂၀၁၂မွန်ဘိုင်း         ၆၀၁             ၆၀၁               ၆၀၀              ၆၀၃ဒေလီ          ၆၆၁-၆၇၆     ၆၄၁-၆၄၃       ၆၄၀-၆၄၂         ၆၄၃-၆၄၅ကန်ပါ          ၆၂၆-၆၄၆    ၆၂၆-၆၄၆       ၆၂၅-၆၄၅          ၆၃၈-၆၅၉MIRT(MAPT)