Main menu

Background

ပဲလွန်းဖြူအရောင်းအဝယ်သွက် တင်ပို့မှု ပို

Fri, 03/23/2012 - 09:18 -- Anonymous (not verified)

    နိုင်ငံတော်တော်များများက ဝယ် လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်လည်း အရောင်းအဝယ် သွက်ပြီး တင်ပို့မှုပိုနေတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့ မှု တန် ၁၄၀၀ ကျော်ရှိပြီး ယခုတစ်ပတ် (မတ်လ ၅-၉) အတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်ထိ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများ မှာ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီး ယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပြီး ပမာဏများ များ တင်ပို့တာတော့ စင်ကာပူ၊ ဗီယက် နမ်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။    လက်ရှိဘဏ္ဍာနှစ် မတ်လ ၉ ရက် အထိ စုစုပေါင်း ပဲလွန်းဖြူတင်ပို့မှုမှာ တန်ချိန် ၂၉၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၅ သန်းကျော်ရရှိလို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၂၅၀၀ ကျော်၊ ဝင်ငွေကန်ဒေါ်လာ ၁၉ သန်းနီးပါးထက် ပိုမိုတင်ပို့နိုင်ပြီး ဖြစ် ကြောင်းသိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုအနေနဲ့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်း ပဲလွန်းဖြူ တန်ချိန် ၃၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ အရောင်း အဝယ် သွက်ပေမဲ့ ယခုတစ်ပတ် FOB ဈေးမှာ ယခင်တစ်ပတ်ထက် လျော့ကျ ခဲ့ပါတယ်။ မတ်လ ၉ ရက်က ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၈၀-၇၀၀ နဲ့ SQ မှာ ကန်ဒေါ်လာ ၈၁၀-၈၃၀ ရှိရာမှ မတ်လ ၁၆ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ မှာ ကန်ဒေါ်လာ ၇၉၀-၈၁၀ ကို လျော့ကျ ခဲ့ကြောင်းသိရပါတယ်။ MIRT - MAPT