Main menu

Background

ယခုအပတ် ပဲလွန်းဖြူအပို့လျော့

Fri, 03/23/2012 - 09:20 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုညဒသမ ၀၅၆ သန်း တန်ဖိုးရှိ ပဲလွန်း ဖြူ ၇၄ တန်ကိုမတ်လ ၇ရက်မှ၁၃ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၈၄ တန် တင်ပို့မှုလျော့ နည်းခဲ့ရပါတယ်။ ကုန်အမှာရှိမှု၊ အဝယ် လိုက်မှုအပေါ်မူတည်ပြီး တင်ပု့ိနေတာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေး တစ်တန်ကို ကျပ် ၁၀၆၀ ကျော် လျော့ ကျနေပါတယ်။ ပဲလွန်းဖြူတစ်တန်ကို မိမိဘက်မြေပြင်ပေါက်ဈေး ၁၂၈၉၂၆၀ ကျပ်နဲ့တစ်ဖက်နိုင်ငံဈေး ၉၀၅ ဒေါ်လာ ပေါက်လျက်ရှိတယ်လို့  သိရပါတယ်။MIRT (DOBT)