Main menu

Background

ရန်ကုန် FOB ဈေးကွက် ပဲတီစိမ်း ရောင်းဝယ်မှု ဆက်လက်အားကောင်း

Fri, 03/23/2012 - 09:24 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲတီစိမ်း၊ ပဲတီရွှေဝါရောင်းဝယ်မှု အားကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်မှုထက် အနည်းငယ်လျော့ပေမဲ့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းမှာ တန်ချိန် ၁၅၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက် အဝယ်သွက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ရန်ကုန် FOB ဈေးမှာ အခြားပဲဈေးများနဲ့မတူ ဈေးကျဆင်းခဲ့တာ တွေ့ရပါတယ်။ မတ်လ ၉ ရက်က FAQ အညာရွှေဝါနဲ့ ပခုက္ကူမှာ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီး မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိရာမှ မတ်လ ၁၆ ရက်မှာ FAQ အညာနဲ့ ပခုက္ကူမှ ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၇၈၀-၈၀၀ ကို လျော့ကျခဲ့ကြောင်း သိရပါတယ်။                                                                          MIRT - MAPT