Main menu

Background

ယခုအပတ် မူဆယ်နယ်စပ်မှသာ ပဲတီစိမ်း အပို့ရှိ

Fri, 03/23/2012 - 09:25 -- Anonymous (not verified)

    မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှသာ ကန်ဒေါ်လာ သုညဒသမ ၁၈၂ သန်းတန်ဖိုးရှိပဲတီစိမ်းလုံးပြည့် ၂၅၈ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်အပြင် မြဝတီနယ်စပ်မှလည်း တန် ၁၅၀  နီးပါး အပို့ရှိခဲ့ပေမယ့် ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ မြဝတီနဲ့ နီးစပ်ရာကျေးရွာများက ထွက်ရှိတဲ့လယ်ယာထွက်ကုန်များကိုသာ လိုင်စင် လျှောက်ထားတင်ပို့နေခြင်းဖြစ်တဲ့အတွက် ယခုအပတ်မှာ တင်ပို့နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ မြေပြင်ဈေးများကို လေ့လာရာမှာ မိမိဘက်မြေပြင်ပေါက်ဈေးဟာ ယခင်အပတ်ကထက် တစ်တန်ကို ကျပ် ၃၀၀၀ ခန့်သာ မြင့်တက်လျက်ရှိပေမယ့် တစ်ဖက် နိုင်ငံဈေးကတော့ သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                            မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု          ယခင်       ပြောင်းလဲမှု    %        ယခု     ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း    ၅၉၂၇၅၀    ၅၈၉၇၅၀           ၃၀၀၀     ၀ .၅    ၈၂၆       ၈၂၅         ၁            ၀ .၁MIRT (DOBT)