Main menu

Background

ပြည်ပဝယ်လက် အဝယ်သွက်နေလို့ ကုလားပဲတင်ပို့မှု စံချိန်တင်လာ

Fri, 03/23/2012 - 09:31 -- Anonymous (not verified)

    ကုလားပဲကို ပြည်ပဝယ်လက်များ အဝယ်သွက်နေလို့ တင်ပို့မှုစံချိန်တင်လာ တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကုလားပဲအထွက်လျော့ကျတာ ကြောင့် ဝယ်လိုအားတက်နေတဲ့အတွက် ယခုတစ်ပတ် (မတ်လ ၅-၉ ရက်) အတွင်း တန်ချိန် ၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ရန်ကုန်  FOB ဈေးကွက်မှာလည်း မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်း ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်းတန်ချိန် ၆၇၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။     လက်ရှိ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မတ်လ ၉ ရက်အထိ ကုလားပဲ စုစုပေါင်း တင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၇ သောင်းကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၉ သန်းကျော် ရရှိထားပြီဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ကုလားပဲဖြူလုံးကြီး တန်ချိန် ၈၅၀၀ ခန့်မှ ကန်ဒေါ်လာ ၆ သန်းကျော်သာ ရရှိလို့ ယခုနှစ်မှာ ၉ ဆခန့်မိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။    အရောင်းအဝယ်သွက်ပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခုတစ်ပတ်မှာလဲ ဆက်လက်လျော့ကျပါတယ်။ မတ်လ ၉ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ ရှိရာမှ မတ်လ ၁၆ ရက်မှာ ကန်ဒေါ်လာ ၇၂၀-၇၄၀ ကို လျော့ကျ ကြောင်း သိရပါတယ်။ MIRT - MAPT