အိန္ဒိယနိုင်ငံရဲ့ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ် (IIPR) နဲ့ နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ ပဲမျိုးစုံ (NFSM-Palser) အစီအစဉ်အောက်မှာရှိတဲ့ နိုင်ငံတော်ပိုးမွှား စုပေါင်းကာကွယ် ထိန်းသိမ်း ရေးစင်တာ (NCIPM)တို့နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သိရပါတယ်။အဲဒီအစီအစဉ်အရ မျိုးရိုးဗီဇမျိုးစေ့ထုတ်လုပ်မှုနဲ့ လေ့ ကျင့် သင်ကြားရေး အခြေခံအဆောက်အဦများ ခိုင်မာတောင့် တင်းရေး၊ ပဲစင်းငုံ အထွက်နှုန်းတည်ငြိမ်ပြီး၊ ထုတ်လုပ်မှု မြှင့်တင်ရေးစပ်မျိုး ထုတ်လုပ်မှုနဲ့ တန်ဖိုးမြှင့် ထုတ်လုပ်ရေး၊ ပဲမျိုးစုံသရုပ်ပြဆောင်ရွက်ရေးအဖွဲ့၊ ပိုးမွှားစုပေါင်းကာကွယ် ထိန်းသိမ်းဖို့ အသုံးချခြင်းဖြင့် ကုလားပဲနဲ့ ပဲစင်းငုံ ထုတ်လုပ်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် အစိုးရက ထောက်ပံ့မှုများပြုလုပ်ထားပါတယ်။ အိန္ဒိယရဲ့ ၂၀၁၁-၁၂ ပဲထုတ်လုပ်မှုဟာ အစောပိုင်းက တန်ချိန် ၁၈ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားရာမှ ၅ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁၇ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံ အသင်း(IPGA)ဒုတိယဥက္ကဌ Bimal Kothari မှပြောကြားချက်အရ အိန္ဒိယ နိုင်ငံအနေနဲ့ပဲမျိုးစုံ ထုတ်လုပ်နိုင်မှု တိုးတက်အောင် ဆောင်ရွက်မှုမရှိရင် လက်ရှိ ပဲတင်သွင်းမှု တန်ချိန် ၃ သန်းရှိရာမှ ၂၀၂၀ မှာ တန်ချိန် ၇-၈ သန်းထိ ရှိလာ နိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ်(IIPR)နဲ့ နိုင်ငံတော် ပိုးမွှားစုပေါင်း ကာကွယ်ရေးစင်တာ (NCIPM)တို့ဟာ အိန္ဒိယစိုက်ပျိုးရေးသုတေသန ကောင်စီ NCIPM ရဲ့ တက္ကသိုလ်များ ဖြစ်ကြပါတယ်။ယမင်းခင်၊Source:Commodily online
Background