Main menu

Background

ဟိုပုံးချင်း အဝယ်လိုက်လာ

Fri, 03/23/2012 - 09:50 -- Anonymous (not verified)

    ယခုတစ်ပတ် ဟိုပုံးချင်းဈေးတက်လာပါတယ်။ ချင်းခြောက်ပြုလုပ်ဖို့အတွက် အဝယ်လိုက်လာပါတယ်။ ပြုတ်ချင်းပြုလုပ်ဖို့အတွက် ချင်းစိုကိုတစ်ပိဿာ ၃၀၀ ကျပ်ပေးပြီး ဝယ်နေတယ်လို့သိရပါတယ်။ ချင်းစို (အခက်သေး)မှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့အထက်မှာဈေးရှိနေပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ၁၇၀၀ ကျပ်ဈေးရှိပါတယ်။     အောင်ပန်းဈေးကွက်မှာတော့ အရောင်းအေးနေပါသေးတယ်။ ချင်း (ဖြူ/ကြီး) တစ်ပိဿာ ၃၃၀ ကျပ်၊ ၃၄၀ ကျပ်၊ ချင်း (နီစ/လှ)တစ်ပိဿာ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ်ဈေး ရှိပါတယ်။ လက်လီအရောင်းသာရှိပြီး တစ်ပတ်အတွင်း ပိဿာချိန် ထောင်ဂဏန်း လောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ှံ့