Main menu

Background

မန်ကျည်း တင်ပို့အားကောင်း

Fri, 03/23/2012 - 09:52 -- Anonymous (not verified)

    ပြည်ပဈေးကွက်ကို မန်ကျည်းတင်ပို့မှုက မတ်လ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ၁၈၈၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် တွေကတော့အင်ဒိုနီးရှားနိုင်ငံကို ၉၆ တန်၊ မလေးရှားနိုင်ငံကို ၆၀၀ တန်၊ ပါကစ္စတန် နိုင်ငံကို တန်ချိန် ၈၆၀၊ စင်ကာပူနိုင်ငံကို ၁၉၃ တန်၊ ဗီယက်နမ်နိုင်ငံ ကို ၁၂၅ တန်နဲ့ ရီမန်နိုင်ငံကို ၈တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် မလေးရှား နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင် သီတင်း ပတ်မန်ကျည်းတင်ပို့မှုက တန်ချိန်တစ်ထောင့်လေးရာကျော်ရှိခဲ့တာကြောင့် ဒီ တစ်ပတ် တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန်လေးရာကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၄၅၀-၄၉၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းခြောက်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)