မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်စခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၃၂၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ မန်ကျည်းစေ့ တန် ၄၄၀ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အပို့လျော့ခဲ့သော်လည်း မူဆယ်နဲ့ စစ်တွေနယ်စပ်များအပြင် ကန်ပိုက်တီးမှပါ အပို့ရှိတာတွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ တန် ၃၉၀ ကျော်၊ ကန်ပိုက်တီးမှ ၈ တန်၊ စစ် တွေမှ မန်ကျည်းမှည့် (အစေ့ပါ) ၄ တန်နဲ့ မန်ကျည်းစေ့ ၃၇ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ မန်ကျည်းစေ့ဟာ ပင်လယ်ဆားငန်ရေဒဏ်ခံနိုင်ရည်ရှိတာမို့ ဘိလပ်မြေနဲ့ ရောစပ်ပြီး အဆောက်အဦများဆောက်လုပ်ရာမှာ အသုံးပြုတဲ့အတွက် အဝယ်လိုက်တဲ့ပို့ကုန်အဖြစ် ဈေးကွက်မှာ နေရာရလျက် ရှိနေပါတယ်။ MIRT(DOBT)
Background