Main menu

Background

Acer ရဲ့ မြင်ကွင်းကျယ် မော်နီတာအသစ်

Fri, 02/19/2010 - 14:44 -- Anonymous (not verified)

     Acer ရဲ့ X193HQ1+bmd မော်နီတာဟာ ထောင့်ဖြတ်မြင်ကွင်း အကျယ် ၁၈ဒသမ ၅လက်မရှိပါတယ်။ မြင်ကွင်းကျယ်ပုံစံ တည်ဆောက်ထားပါတယ်။ ပုံရိပ်ကြည်လင်ပြတ်သားမှု resolution m XGA (1366 x 768) ရှိပါတယ်။ အငွေ့ပျံတဲ့ အော်ဂဲနစ် ပစ္စည်းတွေကို သန့်စင်ဖယ်ရှားပေးနိုင်တဲ့ နည်းပညာသုံး Crystalbrite အမျိုး အစားဖြစ်လို့ ဖန်သားပြင်က ကြည်လင် မှု ကောင်းလှ ပါတယ်။ Dynamic Contrast Ratio 50000 : 1 အထိရှိ တာကြောင့် အလင်းအမှောင်ကွဲပြားမှုနဲ့ ပုံရိပ်ကြည်လင်ပြတ်သားမှု   အားကောင်းပါတယ်။    Viewing Angle 160.  ရှိလို့ ဘေးဘက်က ကြည့်ရင်လဲ ပုံရိပ်ေ၀ဝါးမှု မရှိပါဘူး။ 1W စပီကာ နှစ်လုံး တပ်ဆင်ပေးထားလို့ အသံထွက် က သုံးစွဲသူစိတ်တိုင်းကျ ဖြစ်စေမှာပါ။VGA port  နဲ့ DVI port များလည်း ပါပါတယ်။ Acer X 193 HQH bmd မော်နီတာတစ်လုံးကို ကျပ်တစ်သိန်းသုံး သောင်း ဝန်းကျင်ဈေးနဲ့ ရွှေလမင်းနဂါး ကုမ္ပဏီမှာ ဝယ်ယူရရှိနိုင်ပါ တယ်။